၂၈. ၁၁. ၂၀၂၃
Written by Nay Moe
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ် အောင်ပန်းချောင်းကျေးရွာက အထက်တန်းပြ ကျောင်း ဆရာမတစ်ဦးကို PDF တွေက ရွာအတွင်းဝင်ရောက် ဖမ်းဆီးပြီး လည်လှီး သတ်ဖြတ်လိုက်တယ်လို့ ကနဦးသိရပါတယ်။
ဖြစ်စဥ်ဟာ မနေ့ည သန်းခေါင်ကျော်အချိန် နိုဝင်ဘာ ၂၈ ရက် ည ၁ နာရီဝန်းကျင်မှာ PDF လက်နက်ကိုင်အုပ်စုလိုက်က ရွာအတွင်းဝင်လာပြီး အောင်ပန်းချောင်းကျေးရွာက အထက်တန်းပြကျောင်းဆရာမ ဒေါ်မာစီရဲ့ နေအိမ်ကို ဝင်ရောက်ကာ ဆရာမကိုလက်ပြန် ကြိုးတုပ် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
အောင်ပန်းချောင်းရွာဟာ ချင်းတွင်းမြစ်နဲ့ဧရာဝတီဆုံတဲ့နေရာမှာ ရှိနေတာဖြစ်ပြီး PDF တွေ ဖမ်းဆီးသွားတဲ့ ဆရာမဒေါ်မာစီကို ဒီနေ့မနက်မှ ရွာဘေးလှေဆိပ်အနီးမှာ လက်ပြန်ကြိုးတုပ်ဖမ်းဆီးသွားတဲ့အတိုင်း လည်ပင်းပြတ်ရှဒဏ်ရာတွေနဲ့ သေဆုံးနေတာ တွေ့ရတယ်လို့ ဒေသခံတွေရဲ့ ကနဦးပြောကြားချက်အရ သိရပါတယ်။
နွေဦးတော်လှန်ရေးစတင်တဲ့အချိန်ကနေ အခုနှစ်နိုဝင်ဘာလဆန်းအထိ ကလေးသူငယ် ၂၃၀ ကျော်အပါအဝင် သံဃာတော်တွေ၊ နိုင်ငံဝန်ထမ်းတွေ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေနဲ့ ဆရာဆရာမ၊ ကျောင်းသားကျောင်းသူ စတဲ့ ပြည်သူ ၆၇၀၀ ကျော်ဟာ “ဒလန်၊ သူလျှို၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ NLD, NUG, PDF နဲ့ EAOs တို့ရဲ့ သတ်ဖြတ်မှုခံထားရပါတယ်။