MT News
၂၇. ၁၁. ၂၀၂၃
၁၁၂၇ စစ်ဆင်ရေးစမယ်လို့ လမ်းတွေပေါ် ပြည်သူတွေပျော်ရွှင်နေတာမမြင်ချင်တဲ့ လူတစ်စုကဖြဲခြောက်ထားလို့ နေ့ဘက်မှာ ပျောက်နေတဲ့ပြည်သူလူထုက တန်ဆောင်တိုင်လပြည့်ည ပိုက်ဆံကြဲတတ်ကြချိန်မှာ လမ်းပေါ်အများအပြားထွက်လာကြပါတယ်။
PDF တွေ ဗုံးထောင်နိုင်ရင် တစ်နေရာ၊နှစ်နေရာ၊ ပိုက်ဆံလုရင်း ကားတိုက်မှာလည်း သိပေမဲ့ ပံသုကူပစ်ကြတဲ့လူထုကလည်း မနည်းမနောဆိုချိန်မှာ တစ်နာရီနှစ်နာရီလောက် လမ်းပေါ်လျှောက်ရင်းစောင့်ရင်း သောင်းနဲ့ရတတ်တဲ့ ရန်ကုန်တန်ဆောင်တိုင်ညမှာ လမ်းပေါ်ပိုက်ဆံကြဲချတာ စောင့်ဆိုင်းနေသူထဲ ခါတိုင်းမှာမြင်ရခဲတဲ့ အမျိူးသမီးငယ်လှလှပပအစုအဝေးတောင် တွေ့ရတတ်ပါတယ်။
တချို့ကလည်း ပိုက်ဆံကြဲချမဲ့ကားပေါ်က လက်တစ်စုံကိုမျှော်လင့်ရင်း အလုအယက်ငွေရှာနေကြသလို တချို့ကလည်း ဓာတ်မီးတဝင်းဝင်းနဲ့ လူမသိသူမသိ ပံ့သုကူပစ်သွားကြတာရှာရင်းနဲ့ ရန်ကုန်မြို့ပြဟာ ဒီညမှာ လှလှပပအသက်ဝင်နေပါတယ်။ ပံ့သုကူရှာပြည်သူတွေ ဘေးကင်းပါစေ။ မသူတော်လူယုတ် ဗုံးထောင်တဲ့ဘေးကဝေး၊ ရှာတိုင်းလည်းအများကြီးရပြီး ပျော်ရွှင်ကြပါစေ၊ ငါကတော့ နှစ်သောင်းရပြီ။ သုံးသောင်းတွေ့ထားတယ်ဆိုတာမျိုး များများကြားချင်ကြတာလည်း အေးချမ်းလွတ်လပ်စွာကုသိုလ်ပြုရင်း ငြိမ်းချမ်းစေချင်တဲ့ ဗုဒ္ဓဘာသာနိုင်ငံက ပြည်သူလူထုရဲ့ စိတ်ရင်းပဲ မဟုတ်လား….။