၂၂. ၁၁. ၂၀၁၃
Written by Na Moe
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ သရက်ချောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးဝင်းမြင့်ကို ယနေ့ နိုဝင်ဘာ ၂၂ ရက် နေ့လယ် ၁၂ နာရီခန့်တွင် သရက်ချောင်းကျေးရွာလမ်းပေါ်၌ NUG ဩဇာခံ သာယာဝတီဂဠုန်တပ်ဖွဲ့နှင့် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ (၂) တို့ ပူးပေါင်း၍ နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ချောင်းမြောင်း လုပ်ကြံ၍ ဦးဝင်းမြင့်မှာ နေရာ၌ ပင် သေဆုံးသွားခဲ့သည်ဟု Bago Region PDF က ထုတ်ပြန်ထားသည်။
အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်သည် လခရတပ်ဖွဲ့များ စစ်ကြောင်းထိုးရာတွင် ကိုယ်တိုင်ကိုယ်ကျလိုက်ပါ၍ အတူပူးပေါင်းဆောင်ရွက်နေသူဖြစ်ပြီး PDF တပ်ဖွဲ့များ၏ သတင်းကို စုံစမ်း၍ တပ်ထံ ပေးပို့နေသူတစ်ဦးလည်း ဖြစ်သည်ဟု Bago Region PDF က ဦးဝင်းမြင့်ကို သတ်ဖြတ်သည့်အပေါ် ဆင်ခြေပေးသည်။
အဆိုပါစစ်ဆင်ရေးတွင် လက်နက်မဲ့အုပ်ချုပ်ရေးမှူးဦးဝင်းမြင့်ကို ချောင်းမြောင်းပစ်ခတ်လုပ်ကြံသည့် သာယာဝတီဂဠုန်တပ်ဖွဲ့နှင့် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ (၂) မှ PDF များ အထိအခိုက်မရှိ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်ဟုလည်း သာယာဝတီဂဠုန်တပ်ဖွဲ့နှင့် Bago Region PDF က ထုတ်ပြန်ထားသည်။
နွေဦးတော်လှန်ရေးစတင်သည့်အချိန်မှ ယခုနှစ်နိုဝင်ဘာလဆန်းအထိ ကလေးသူငယ် ၂၃၀ ကျော်အပါအဝင် သံဃာ တော်များ၊ နိုင်ငံဝန်ထမ်းများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ဆရာဆရာမနှင့် ကျောင်းသားကျောင်းသူများစသည့် ပြည်သူ ၆၇၀၀ ကျော်မှာ “ဒလန်၊ သူလျှို၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များဖြင့် NLD, NUG, PDF နှင့် EAOs တို့၏ သတ်ဖြတ်မှုခံထားရသည်။