၁၇. ၁၁. ၂၀၂၃
Written by Nay Moe
လွိုင်ကော်မြို့သိမ်းတိုက်ပွဲမှာ KNDF နဲ့ ကယားလက်နက်ကိုင်အဖွဲ့ဘက်က နိုဝင်ဘာ ၁၆ ရက် တစ်ရက်တာအတွင်းမှာ ၂၁ ဦး သေဆုံးခဲ့တယ်လို့ လက်နက်ကိုင်အဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
တိုက်ပွဲဖြစ်ပွားမှု ၇ ရက်အကြာ KNDF နဲ့ ကယားလက်နက်ကိုင်တွေဘက်က နေ့စဥ်သေဆုံးမှုတွေရှိနေပေမဲ့လည်း တစ်နေ့တာအတွင်း အများအပြားသေဆုံးမှုကတော့ နိုဝင်ဘာ ၁၆ ရက်မှာဖြစ်ခဲ့တာဖြစ်ပြီး ၂၁ ဦးသေဆုံးပေမဲ့ အလောင်းငါးလောင်းပဲပြန်ရခဲ့သလို တချို့အလောင်းတွေကတော့ လက်နက်ကြီးထိလို့ ဘယ်သူဘယ်ဝါမှန်းမသိရလောက်အောင် တစစီဖြစ် သေဆုံးတာကြောင့် အလောင်းတောင်ကောက်မရဘူးလို့လည်း သိရပါတယ်။
KNDF အပါအဝင် ကယားလက်နက်ကိုင်တွေဟာ နိုဝင်ဘာ ၁၁ ရက်မှာ ၁၁၁၁ စစ်ဆင်ရေးစတင်ပြီး ကယားပြည်နယ်က မြို့တွေကို အင်အားအလုံးအရင်းနဲ့ဝင်တိုက်နေသလို လခရတွေဘက်ကလည်း ကယားပြည်နယ်မြို့တော် ကျမသွားအောင် ခုခံနေပြီး စစ်ကူအင်အားအများအပြားနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေပါတယ်။
KNDF ရဲ့မြို့သိမ်းတိုက်ပွဲစတင်အပြီးမှာ လွိုင်ကော်တက္ကသိုလ်ကိုစီးနင်းပြီး ဝန်ထမ်းတချို့သ-တ်ဖြ-တ်ကာ ဝန်ထမ်းနဲ့မိသားစု ၁၉၈ ဦးကို ဖမ်းဆီးခဲ့သလို အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုကြားမှာ အရပ်သား ၂၀ ကျော်လည်း သေဆုံးထားပါတယ်။