၁၅. ၁၁. ၂၀၂၃
Written by Pan Ei
စင်ကာပူမှာ ငွေကြေးဖောင်းပွမှုနဲ့ နေထိုင်မှုစရိတ်စကတွေကြောင့် စိုးရိမ်ပူပန်မှုတွေ များနေရတဲ့ ပြည်သူတွေကို ကူညီပေးနိုင်ဖို့အတွက် ရည်ရွယ်ပြီး အာမခံ ပက်ကေ့ချ်ကတစ်ဆင့် ငွေကြေးပံ့ပိုးမှုတစ်ခုကို အစိုးရက အကောင် အထည်ဖော်ခဲ့ရာ စင်ကာပူနိုင်ငံသား အရွယ်ရောက်ပြီးသူအားလုံးဟာ အခုနှစ် ဒီဇင်ဘာလမှာ စင်ကာပူဒေါ်လာ ၂၀၀ (အမေရိကန်ဒေါ်လာ ၁၄၈)နဲ့ စင်ကာပူဒေါ်လာ ၈၀၀ (အမေရိကန်ဒေါ်လာ ၅၉၃) ကြား ရရှိမှာဖြစ်ပါတယ်။
လူဦးရေ ၂ ဒသမ ၉ သန်းခန့်ဟာ အာမခံပက်ကေ့ချ်ကတစ်ဆင့် ပံ့ပိုးမှုငွေကြေး စင်ကာပူ ဒေါ်လာ ၆၀၀ အထိ ရရှိမှာဖြစ်ပြီး လူဦးရေ ၂ ဒသမ ၅ သန်းခန့်က ထပ်ဆောင်းစင်ကာပူဒေါ်လာ ၂၀၀ အထိ ရရှိနိုင်မှာဖြစ်တယ်လို့ ဘဏ္ဍာရေးဝန်ကြီးဌာန (MOF) က ဗုဒ္ဓဟူးနေ့ (နိုဝင်ဘာ ၁၅ ရက်) မှာ ပြောကြားခဲ့ပါတယ်။
၂၀၂၄ ခုနှစ်မှာ အသက် ၂၁ နှစ်နဲ့ အထက်ရှိမယ့် စင်ကာပူနိုင်ငံသားအားလုံးဟာ ပိုင်ဆိုင်မှုအရေအတွက်ပေါ် မခွဲခြားဘဲ ထောက်ပံ့ငွေရရှိဖို့ အရည်အချင်းပြည့်မီတယ်လို့ သိရပါတယ်။
ဒါ့အပြင် စင်ကာပူနိုင်ငံသားတွေဟာ ဒီဇင်ဘာလမှာ ပံ့ပိုးငွေ ရရှိမယ့်အပြင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလမှာလည်း အစိုးရဆီကနေ တခြားသော ပံ့ပိုးမှုတွေရရှိဦးမှာ ဖြစ်ပါတယ်။
Ref; CNA