၅. ၁၁. ၂၀၂၃
Written by Nay Moe
နိုင်ံရေးပဋိပက္ခတွေကြောင့် ထိုင်းနိုင်ငံမှာ တိမ်းရှောင်နေချိန် အရက်ထွက်ဝယ်လို့ ဖမ်းခံရဖူးတယ်လို့ လူသိများတဲ့ NUG ရဲ့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်၊ ဒါမှမဟုတ် ကဗျာဆရာမောင်တင်သစ်ရဲ့ Ministry of Defence – National Unity Government Myanmar Page ဟာ မနေ့ကတင်တဲ့ပုံတွေမှာ အရက်သောက်နေတဲ့စားပွဲဝိုင်းပုံတင်မိတဲ့အတွက် တောင်းပန်ချက်ထုတ်လာပါတယ်။
NUG ကာကွယ်ရေးဝန်ကြီးဦးရည်မွန်ကိုင်တွယ်နေတဲ့ Page ဟာ ထိုင်းနိုင်ငံထုတ်နာမည်ကျော် Regency အရက်ပုလင်းထောင်ထားတဲ့စားပွဲဝိုင်းပုံကို သတင်းထုတ်ပြန်ချက်မှာ ထည့်သွင်းခဲ့တာဖြစ်ပြီး အဲဒီသတင်းထုတ်ပြန်ချက်ကတော့ ဂန့်ဂေါမှာ မင်းရွာရဲကင်းစခန်းကို တိုက်ပြီး ရဲ ၆ ယောက်ကို သတ်၊ ၁၁ ဦးကို ဖမ်းတဲ့သတင်းအောက်မှာ အရက်ဝိုင်းပုံ ထည့်သွင်းဖော်ပြခဲ့တာကြောင့်လည်း ရယ်ပွဲဖွဲ့ခံရတာပါ။
NLD အစိုးရဟောင်းလက်ထက် အမတ်ဖြစ်ချိန်ကလည်း ဦးရည်မွန်ဟာ အရက်အလွန်အကျွံသောက်၊ အရက်ကိုပဲလက်ဆောင်ယူတတ်သူလို့ နာမည်ကျော်ခဲ့ပြီး ပြီးခဲ့တဲ့ အောက်တိုဘာ ၂၃ ရက်ကလည်း အဲဒီ NUG ရဲ့ MOD Page မှာပဲ အိန္ဒိယနိုင်ငံသူအမျိုးသမီးရဲ့ မဖွယ်မရာပုံကို တင်ခဲ့ပြီး Page Hack ခံရတယ်လို့ လော်ဘီတွေက အကြောင်းပြပေမဲ့လည်း NUG ရဲ့ MOD က ဖြေရှင်းချက်မထုတ်ခဲ့တာကြောင့် “ရည်မွန် မူးပြီးတင်တာလား” ဆိုပြီး လှောင်ပြောင်ခဲ့ကြသလို ဆယ်ရက်ကျော်အကြာမှာ ဦးရည်မွန်ကအရက်ပုလင်းပုံမှားတင်တဲ့ ဒီဖြစ်စဥ်ထပ်ဖြစ်ခဲ့တာပါ။