၆. ၁၁. ၂၀၂၃
Written by Pan Ei
ကမ္ဘာကျော်ဘီလျံနာ အီလွန်မက်စ်ဟာ ChptGPT နဲ့ အပြိုင် ဉာဏ်ရည်တုနည်းပညာ xAI ကို သူပိုင်တဲ့ ဆိုရှယ်မီဒီယာပလပ်ဖောင်း X နဲ့ ပေါင်းစပ် ထုတ်လုပ်မှာဖြစ်ပြီး xAI ကို တခြား Application တစ်ခုအနေနဲ့လည်း ရရှိနိုင်မယ်လို့ မနေ့က ပြောကြားခဲ့ပါတယ်။
xAI ဟာ သူ့ရဲ့ပထမဆုံး AI မော်ဒယ်ဖြစ်တဲ့ Grok ဘော့တ် (Bot) ကိုလည်း ထုတ်ခဲ့ပြီး xAI ကို လာမယ့် သောကြာနေ့ X (အရင် Twitter) မှာ Premium Plus စာရင်းသွင်းထားသူအားလုံးက သုံးစွဲနိုင်တော့မှာ ဖြစ်တယ်လို့ အီလွန်မက်စ်က ပြောကြားခဲ့ပါတယ်။
ခုလို xAi ကို စတင်အကောင်အထည်ဖော်ရတာဟာ “လူသားတွေအတွက် နားလည်မှုနဲ့ အသိပညာပိုင်းဆိုင်ရာတွေကိုရှာဖွေရာမှာ အထောက်အကူဖြစ်စေနိုင်ဖို့ဖြစ်ပြီး Grok က မေးခွန်းတွေကို ဖြတ်ထိုးဉာဏ်ရှိရှိနဲ့ ဖြေဖို့ ဒီဇိုင်းထုတ်ထားတယ်” လို့လည်း အီလွန်မက်စ်က ပြောပါတယ်။
အီလွန်မက်စ်ပိုင်ဆိုင်တဲ့ X နဲ့ xAI တို့ဟာ ကွဲထွက်နေပေမဲ့ ကုမ္ပဏီတွေက အတူတကွ လုပ်ဆောင်နေကြတာဖြစ်ပါတယ်။ လက်ရှိမှာ ChatGPT က သုံးစွဲသူတွေအတွက် အလွယ်တကူရယူနိုင်တဲ့ ဉာဏ်ရည်တုနည်းပညာ AI အတွက် ရွေးချယ်မှုတစ်ခုဖြစ်နေပေမဲ့ အီလွန်မက်စ်ရဲ့ xAI ဟာလည်း သုံးစွဲသူတွေဆီ လွယ်လွယ်ကူကူနဲ့ အသုံးပြုနိုင်ဖို့ ဖြစ်လာမလားဆိုကတော့ စောင့်ကြည့်ရမှာပါ။
ဒါ့အပြင် ပြီးခဲ့တဲ့အပတ်က ကျင်းပခဲ့တဲ့ ပထမဆုံးသော ကမ္ဘာလုံးဆိုင်ရာ AI အကြောင်းဆွေးနွေးပွဲမှာ အီလွန်မက်စ်က ဗြိတိန်၀န်ကြီးချုပ် Rishi Sunak ကို AI ဟာ သမိုင်းမှာအနှောင့်အယှက်အဖြစ်နိုင်ဆုံးစွမ်းအားဖြစ်တယ်လို့ သူထင်ကြောင်း ပြောကြားခဲ့ပြီး အနာဂတ်မှာ AI ကြောင့် လူတွေ အလုပ်လုပ်စရာမလိုတဲ့ အချိန်လည်း ရောက်လာနိုင်တယ်လို့ မက်စ်က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
Ref; Reuters