၁. ၁၁.၂၀၂၃
Written by KL
မန္တလေးတိုင်းဒသကြီး၊ အမရပူရမြို့နယ်၊ တောင်သမန်အင်းတွင် တည်ရှိသော ဦးပိန်တံတားအရှေ့ဘက်ခြမ်းရှိ တံတား အခန်းနှစ်ခန်းမှာ သီတင်းကျွတ်လပြည့်နေ့က လာရောက်လည်ပတ်သူများပြားသဖြင့် ကျိုးကျပျက်စီးသဖြင့် ပြန်လည်ပြင်ဆင်ခဲ့ရာ ယခုအခါတွင် ပြင်ဆင်မှုပြီးစီး၍ တံတားပေါ်သွားရောက်လည်ပတ်ခွင့် ပြန်လည်ခွင့်ပြုခဲ့ကြောင်း သိရသည်။
သီတင်းကျွတ်လပြည့်နေ့ (အောက်တိုဘာ ၂၉ရက်) မွန်းလွဲပိုင်းက နှစ် ၁၇၀ ကျော်သက်တမ်းရှိ ဦးပိန်တံတားပေါ် လာရောက် လည်ပတ်သူများပြားသဖြင့် တံတားကျိုးကျခဲ့ရာ လူ၂၃ ဦး ရေထဲပြုတ်ကျပြီး ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။
အခန်းနှစ်ခန်း ကျိုးကျခဲ့သော ဦးပိန်တံတားပြင်ဆင်မှုကို ရှေးဟောင်း သုတေသနဦးစီးဌာန (မန္တလေး) မှ ပြန်လည် ပြုပြင်ခဲ့ရာ အောက်တိုဘာလ ၃၀ ရက်က ပြင်ဆင်မှု ပြီးစီးခဲ့ခြင်းဖြစ်ပြီး ယခုအခါ ပြန်လည်ဖြတ်သန်းခွင့်ပြုခဲ့ခြင်းဖြစ်သည်။
အမရပူရမြို့နယ်ရှိ ဦးပိန်တံတားကို အမရပူရခေတ် ပုဂံမင်းလက်ထက် ၁၈၄၉ ခုနှစ်က စတင်တည်ဆောက်ခဲ့ပြီး တိုင်ပေါင်း ၁၀၈၆ တိုင်၊ အခန်းပေါင်း ၄၈၂ ခန်း၊ ဇရပ်ဆောင် ၄ ဆောင်ဖြင့် တည်ဆောက်ထားကာ ၃၉၆၇ပေ ရှည်လျားသော တံတားဖြစ်သည်။