၁. ၁၁. ၂၀၂၃
Written by Nay Aung
မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံနယ်စပ်ဒေသတွင် လုံခြုံရေးနှင့် တည်ငြိမ်ရေး ပြန်လည်ရရှိစေရန်အတွက် လိုအပ်သောအစီအမံများ၊ ခြေလှမ်းများလုပ်ဆောင်သွားရန်တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ့်ဝမ်ဘင်းက အောက်တိုဘာ ၃၁ ရက်က ကျင်းပခဲ့သော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ဘလွန်းဘတ်သတင်းဌာန၏ သတင်းထောက်က အဆိုပါသတင်းစာရှင်းလင်းပွဲအတွင်း မြန်မာနိုင်ငံမြောက်ပိုင်းအခြေနေများနှင့်ပတ်သက်ပြီးထည့်သွင်းပြောဆိုရာတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ဝမ့်ဝမ်ဘင်းက ထည့်သွင်းပြောဆိုခဲ့သည်။
ဘလွန်းဘတ်သတင်းဌာန၏သတင်းထောက်က တရုတ်ပြည်သူရေးရာလုံခြုံရေးဝန်ကြီးသည် မြန်မာနိုင်ငံသို့သွားရောက်ခဲ့ပြီး မြန်မာအစိုးရတာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ ယင်းဆွေးနွေးမှုများအခြေအနေများနှင့် မြန်မာနိုင်ငံမြောက်ပိုင်းတွင်ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံ၏ အကဲဖြတ်သုံးသပ်ချက်များကို သိရှိလိုကြောင်း မေးမြန်းခဲ့သည်ဟုသိရသည်။
တရုတ်နှင့်မြန်မာနိုင်ငံနယ်စပ်ဒေသဖြစ်သော ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အောက်တိုဘာ ၂၇ ရက်နေ့က တိုက်ပွဲများစတင်ဖြစ်ပွားလာခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် တရုတ်ပြည်သူရေးရာလုံခြုံရေးဝန်ကြီး Wang Xiaohong သည် မြန်မာနိုင်ငံကို လာရောက်ကာ အစိုးရတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ရခိုင်လက်နက်ကိုင်အဖွဲ့၊ တအာန်းလက်နက်ကိုင်အဖွဲ့၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့တို့သည် မြန်မာ့တပ်မတော်စခန်းများကို အောက်တိုဘာ ၂၇ ရက်နေ့က စတင်တိုက်ခိုက်ခဲ့ပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများစတင်ဖြစ်ပွားလာခဲ့ကြောင်း သိရသည်။
တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ့်ဝမ်ဘင်းက”ကျွန်တော်တို့ဟာ မြန်မာဘက်ခြမ်းမှာဖြစ်နေတဲ့ ပဋိပက္ခအခြေအနေတွေကို အနီးကပ်စောင့်ကြည့်နေတယ်။ သက်ဆိုင်ရာအဖွဲ့အစည်းများနဲ့ တွေ့ဆုံဆွေးနွေး၊ တိုင်ပင်မှုများကနေ မတူကွဲပြားမှုတွေကို ငြိမ်းချမ်းစွာဖြေရှင်းဖို့နဲ့ အပစ်အခတ်ရပ်စဲဖို့ တောင်းဆိုပါတယ်။ ပဋိပက္ခဖြစ်ပွားမှုအခြေအနေများ တင်းမာလာခြင်းကိုလည်း ရှောင်ရှားဖို့ တိုက်တွန်းတောင်းဆိုပါတယ်” ဟုပြောသည်။
Ref; ca.china-embassy