MT News
၁. ၁၁. ၂၀၂၃
ထန်းတပင်၊ မရမ်းကုန်း၊ ဒလနှင့် မြောက်ဒဂုံမှ PDF ၇ ဦးအလင်းဝင်လာပြီး ရန်ကုန်တိုင်းတွင် အလင်းဝင်သူ ၈၇ ဦး ရှိလာပြီး ယမန်နေ့က ပြစ်မှုကျူးလွန်ခြင်းမရှိသော PDF အဖွဲ့မှ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာသူများအား မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းပေးအပ်ခြင်းကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် တာဝန်ရှိသူများ၊ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။
နိုင်ငံရေးအရ သဘောထားကွဲလွဲမှု၊ တိုင်းရင်းသားအရေးအရ သဘောထားကွဲလွဲမှုများကြောင့် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားခဲ့ရပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို ထိခိုက်ခဲ့ရသည်ကို တွေ့ရှိရပြီးအကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH နှင့် NUG တို့က နိုင်ငံတော်ကြီး အလုံးစုံပျက်သုန်းရေးကို ဦးတည်ပြီး အကြမ်းဖက် သ တ်ဖြ တ်မှုများကို လုပ်ဆောင်ရန် စည်းရုံးသိမ်းသွင်းခံထားရသူများသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုး အမည်ခံပြီး လက်နက်ကိုင် ဆန့်ကျင်မှုများကို ပြုလုပ်လာကြရာ ယင်းကဲ့သို့ ဆောင်ရွက်နေမည်ဆိုပါက နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဒီမိုကရေစီထွန်းကားရေးကို ထိခိုက်နှောင့်နှေးစေမည် ဖြစ်ကြောင်း၊ PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက် ရှိသော အဖွဲ့အစည်းများမှ ဥပဒေဘောင်အတွင်း ဝင်လိုသူများနှင့် ပတ်သက်၍ နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်များတွင် ပါဝင်ပူးပေါင်းဆောင်ရွက်နိုင်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဥပဒေဘောင်အတွင်းသို့ လက်နက်အပ်နှံပြီး ပြည်သူဘဝသို့ ပြန်လည်ဝင်ရောက်ခြင်းပြုမည်ဆိုပါက ကြိုဆိုလက်ခံသွားမည်ဖြစ်ကြောင်း၊ ယနေ့ရန်ကုန်တိုင်းဒေသကြီးတွင် ပြစ်မှုကျူးလွန်မှုမရှိသော PDF သင်တန်းဆင်း အလင်းဝင်ရောက်လာသူ (၇)ဦးကို မိဘအုပ်ထိန်းသူများထံ ဆက်လက်လွှဲပြောင်း အပ်နှံသွားမည်ဖြစ်ကြောင်း၊ ယခုဆိုလျှင် အလင်းဝင်ရောက်လာသူ စုစုပေါင်း(၈၇)ဦးအား လွှဲပြောင်းအပ်နှံနိုင်ခဲ့ပြီး ဖြစ်ကြောင်းနှင့် အလင်းဝင်ရောက်လာသူများကို လှိုက်လှဲစွာ ကြိုဆိုပါကြောင်းရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းက ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းတို့က ပြစ်မှုကျူးလွန်မှုမရှိသော PDF သင်တန်းဆင်း အလင်းဝင်ရောက်လာသူ (၇)ဦးကို မိသားစုဝင်များထံ လွှဲပြောင်းအပ်နှံပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်ဟု သိရသည်။