၂၆. ၁၀. ၂၀၂၃
Written by Nay Moe
၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၅ ရက်မှာ တိုက်လေယာဉ်တွေနဲ့ ကိုးကန့်ဒေသရဲ့မိုးကောင်းကင်ပေါ် လာရောက်ပျံသန်းပြီး ဗုံးကြဲပစ်ခတ်သလို မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်ကိုးကန့်(MNDAA)နဲ့ မန်တုံပ နေရာမှာ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် MNDAA တပ်ဖွဲ့ဝင်တစ်ယောက်သေပြီး တစ်ယောက်ဒဏ်ရာရတယ်လို့ MNDAA ရဲ့ သတင်းဌာန ကိုးကန့်သတင်းမီဒီယာမှာ ဖော်ပြခဲ့ပါတယ်။
ဒီ တိုက်လေယာဉ်ဟာ နေ့လယ် ၁ နာရီ ၅ မိနစ်အချိန်မှာ ချင်းရွှေဟော်ဒေသ တာကြာမိန်နေရာအနီးကို လက်နက် ကြီးကျည် ၃ လုံး ပစ်ချတာကြောင့် ပေါက်ကွဲခဲ့ပါတယ်။ အဲဒီနောက် ၁ နာရီ ၃၅ မိနစ်အချိန်မှာ ကွမ်လုံဒေသမှာ အခြေချနေထိုင်တဲ့တပ်ကလည်း RPG လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။
အဲဒီနောက် ညနေ ၁ နာရီ ၁၆ မိနစ်အချိန်မှာ မန်တုံပ နေရာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ MNDAA ဘက်က တစ်ဦးသေပြီး ဒဏ်ရာရသူ တစ်ဦးရှိခဲ့ပေမဲ့ တပ်ဘက်က အကျအဆုံး မသိရသေးဘူးလို့လည်း ဖော်ပြထားပါတယ်။