◾ ချင်းရွှေဟော်အပါအဝင် ရှမ်းမြောက်ဒေသကို စတင်တိုက်ခိုက်၍ နိုင်ငံ့ဝန်ထမ်းနှင့်ပြည်သူများ သေဆုံး ထွက်ပြေးနေရ
MT News
၂၇. ၁၀. ၂၀၂၃
မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ဖြစ်သော ကိုးကန့် MNDAA ၊ ရခိုင်တပ်တော် AA နှင့် တအာင်းTNLA တို့က ၁၀၂၇ စစ်ဆင်ရေး ယနေ့စတင် ဆင်နွှဲပြီဖြစ်ကြောင်း ယနေ့ ကြေညာလိုက်သည်။
ကိုးကန့် (MNTJP/MNDAA)၊ တအာင်း (PSLF/TNLA) နှင့် ရက္ခိုင် (ULA/AA) အဖွဲ့အစည်း (၃) ဖွဲ့သည် ယနေ့နံနက်မှစ၍ လားရှိုး – မူဆယ်၊ လားရှိုး – ချင်းရွှေဟော် လမ်းပိုင်းများနှင့် ပြည်ထောင်စုလမ်းမကြီးကို ပိတ်ဆိုလိုက်ပြီး ရှမ်းမြောက်တခွင် စတင်တိုက်ခိုက်နေသည်။ လက်ရှိအချိန်တွင် ချင်းရွှေဟော်မှ ဖောင်ဆိပ်အကောက်ခွန်စခန်းကိုတိုက်ခိုက်၍ ရဲတပ်ဖွဲ့ဝင်များနှင့် အကောက်ခွန်ဝန်ထမ်းများစွာ သေဆုံးသည့်အပြင် ချင်းရွှေဟော်မြို့တွင်းတွင်လည်း ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားနေ၍ ပြည်သူများစွာထွက်ပြေးတိမ်းရှောင်နေရပြီဖြစ်သည်။
လက်ရှိအခြေအနေကို SAC ဘက်က ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေပြီး နှစ်ဖက်ကြားစစ်ရေးတင်းမာနေကာ တိုက်ခိုက်မှုအရှိန်မြင့်တက်လာနေသည်ဟု သိရပြီး ဖြစ်စဥ်အသေးစိတ်ကိုမူ MT News သတင်းဌာနက တာဝန်ရှိသူများထံဆက်သွယ်မေးမြန်းကာ ထပ်မံသိရှိရသည်များ ဖော်ပြပေးမည်ဖြစ်သည်။ (Photo – Credit)