၁၉. ၁၀. ၂၀၂၃
Written by Nay Mor
CDF Lautu ၏ ဗျုဟာမှူးဖြစ်ခဲ့သူမှာ တိုက်ပွဲတွင် ကျည်ထိ၍ အိန္ဒိယတွင် ဆေးကုသမှုခံယူစဥ် ယနေ့တွင် သေဆုံးသွားခဲ့သည်ဟု သိရသည်။
Chinland Defense Force – Lautu တွင် ပြီးခဲ့သည့် ၂ နှစ်အတွင်း ဗျူဟာမှူးတာဝန်ကို ထမ်းဆောင်ခဲ့ပြီး လက်ရှိတွင် မူဝါဒရေးဆွဲရေးကော်မတီအတွင်းရေးမှူးတာဝန်ထမ်းဆောင်လျက်ရှိသော Salai IZ (Bawi Tin Thang) သည် တိုက်ပွဲတွင် ကျည်ထိမှန်၍ ဒဏ်ရာများရရှိပြီးနောက် ကျန်းမာရေးချို့ယွင်းလာ၍ အိန္ဒိယနိုင်ငံသို့ သွားရောက်ကုသစဥ် ယနေ့ နံနက် ၅ နာရီ၂၈ မိနစ်အချိန်တွင် အိန္ဒိယနိုင်ငံ ဒေလီမြို့၌ ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ဆလိုင်းအိုက်ဇက်သည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ CDM ဝန်ထမ်းဖြစ်ပြီး CDF-Lautu တွင် ဗျုဟာမှူးနှင့် မူဝါဒရေးဆွဲရေးကော်မတီအတွင်းရေးမှူးတာဝန်များအထိ တာဝန်ယူခဲ့သူဖြစ်သည်ဟု သိရသည်။