၁၁. ၁၀. ၂၀၂၃
Translated by Htwe Ko Tun
ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံတို့မှ စွမ်းအင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများက ရုရှားနိုင်ငံမှ မြန်မာနိုင်ငံ ရန်ကုန်မြို့အထိသဘာဝဓာတ်ငွေ့ပိုက်လိုင်းတည်ဆောက်ရေးတွင် ရုရှားကပါဝင်ဆောင်ရွက်ရေးအတွက် အောက်တိုဘာ ၁၁ ရက်က ရုရှားနိုင်ငံ၊ မော်စကိုမြို့တွင် ဆွေးနွေးခဲ့ကြကြောင်း ရုရှားစွမ်းအင်ဝန်ကြီးဌာနက ထုတ်ဖော်ပြောကြားခဲ့သည်။
သို့ရာတွင် ၎င်းက ဆွေးနွေးပွဲအသေးစိတ်အချက်များကိုမူ မပြောကြားခဲ့ပေ။
မြန်မာနိုင်ငံက ရုရှားနိုင်ငံမှ ၂၀၂၂ ခုနှစ်မှစ၍ ရေနံထုတ်ကုန်များကိုဝယ်ယူခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့် ရုရှားနိုင်ငံသုံးငွေ ရူဘယ်လ်ဖြင့် ပေးချေရန်လည်း အသင့်ဖြစ်ကြောင်း သိရသည်။
Ref—– Reuters