MT News
Written by Thettant
ဆီဘောက်ဆာယာဥ်တိမ်းမှောက်ရာမှ ယာဥ်မောင်းသေဆုံးကာ ယာဥ်နောက်လိုက်ဒဏ်ရာရမှု သပိတ်ကျင်းမြို့နယ်တွင် ယနေ့ဖြစ်ပွားခဲ့သည်ဟု မီးသတ်ဦးစီးဌာနမှ သိရသည်။
ဖြစ်စဥ်မှာ အောက်တိုဘာ ၁ ရက် မွန်းတည့် ၃ နာရီ ၂၀ အချိန်ခန့်က မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ ကျောက်ကြီးကျေးရွာအနီး၊ မိုင်တိုင်အမှတ်(၆၇/၆၈)တွင် ဆီဘောက်ဆာယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် သပိတ်ကျင်းမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် မီးလောင်မှုမဖြစ်ပွားစေရန် အအေးပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရသည်ဟု သိရသည်။
သို့သော် အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ယာဉ်မောင်းသေဆုံးကာ ယာဉ်နောက်လိုက် အမျိုးသားမှာလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် သေဆုံးဒဏ်ရာရသူတို့အား အောင်သုခလူမှုကူညီရေးအသင်းမှ ယာဉ်ဖြင့် သပိတ်ကျင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။