MT News
Written by Nay Aung
အာဆီယံဒေသတွင်းနိုင်ငံများအနက် မြန်မာနိုင်ငံသည် အင်တာနက်သုံးစွဲခ ဈေးအမြင့်ဆုံးပေးနေရသည့်နိုင်ငံဖြစ်လျက်ရှိနေကြောင်း ဗြိတိန်အခြေစိုက် Cable.co.uk အဖွဲ့၏ ဖော်ပြချက်များအရ သိရသည်။
အဆိုပါဗြိတိန်အခြေစိုက်အဖွဲ့သည် ကမ္ဘာတဝှမ်းရှိ နိုင်ငံ၊ဒေသပေါင်း ၂၃၇ နိုင်ငံ၏ အင်တာနက်သုံးစွဲမှုအခြေနေများနှင့်ဈေးနှုန်းများကို လေ့လာစောင့်ကြည့်ပြီးနောက် Worldwide Data Pricing အမည်ရှိ ထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့ရာ မြန်မာနိုင်ငံက ကမ္ဘာအဆင့် ၈၈ နေရာတွင်ရှိနေကြောင်းသိရသည်။ ကမ္ဘာတဝှမ်းရှိ Mobile Data Plans အစီအစဉ် ၅၆၀၀ ကို အခြေခံပြီး (1GB)အတွက် ကုန်ကျ စရိတ်တန်ဖိုးကို တွက်ချက်ဖော်ပြထားခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အာဆီယံဒေသတွင်းနိုင်ငံများအနက် ကမ္ဘောဒီးယား၊ လာအို၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဗီယက်နမ်နိုင်ငံတို့က အင်တာနက် (1GB)သုံးစွဲခ သက်သာမှုအရှိဆုံးနိုင်ငံများစာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်နေကြောင်း သိရသည်။မြန်မာ၊ စင်ကာပူ၊ ထိုင်း၊ ဖိလစ်ပိုင်၊ ဘရူးနိုင်းတို့သည် အာဆီယံဒေသအတွင်းနိုင်ငံများအနက် အင်တာနက် (1GB) သုံးစွဲခသက်သာမှုအရှိဆုံးနိုင်ငံများထဲတွင် အောက်ဆုံးငါးနိုင်ငံထဲတွင်ရှိနေကြောင်း သိရသည်။
Cable.co.uk အဖွဲ့၏ ဖော်ပြချက်အရ မြန်မာနိုင်ငံသည် ကမ္ဘာတဝှမ်းရှိ နိုင်ငံဒေသပေါင်း ၂၃၇ နိုင်ငံ၏ အင်တာနက်သုံးစွဲခသက်သာမှုအရှိဆုံး စာရင်းတွင်ကမ္ဘာ့အဆင့် ၈၈ နေရာတွင်ရှိနေသလို အာဆီယံဒေသအတွင်း ၁၀ နိုင်ငံထဲတွင် အောက်ဆုံးနေရာ၌ ရှိနေကြောင်းသိရသည်။မြန်မာနိုင်ငံတွင် အင်တာနက်(1GB)အတွက် ပျှမ်းမျှအားဖြင့် အမေရိကန်ဒေါ်လာ ၀ ဒသမ ၉၉ ဒေါ်လာ ကုန်ကျနေပြီး ကမ္ဘောဒီးယားနိုင်ငံက အင်တာနက်(1GB)အတွက် အမေရိကန်ဒေါ်လာ ၀ ဒသမ ၁၂ဒေါ်လာသာ ကုန်ကျကြောင်း ဖော်ပြထားသည်။ကမ္ဘောဒီးယားနိုင်ငံသည် ကမ္ဘာတဝှမ်းရှိ အင်တာနက်သုံးစွဲခ သက်သာမှုအရှိဆုံး နိုင်ငံများထဲတွင် ကမ္ဘာ့အဆင့် ၅ နေရာတွင်ရပ်တည်နေကြောင်း သိရသည်။
Ref; Cable.co.uk