MT News
Written by Min Mahar
မြောင်မြို့နယ်၊ မကျီးကန်ကျေးရွာအနီးတွင် ယနေ့မနက်ပိုင်းက PDF အလောင်းတစ်လောင်းနှင့် လက်နက်ခဲယမ်း ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူများထံမှ သိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာ ၂၇ ရက် မနက် ၁၀ နာရီခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်၊ မကျီးကန်ရွာအနီးတွင် နယ်မြေလုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များသည် သေနတ်လွယ်၍ ဆိုင်ကယ်မောင်းနှင်လာသည့် PDF အဖွဲ့ဝင် အမျိုးသားတစ်ဦးအား ပစ်ခတ်ဖမ်းဆီးခဲ့ရာ ၎င်းသည် ဖြစ်စဉ်ဖြစ်ရာ၌ သေဆုံးသွားကြောင်း သိရသည်။
အဆိုပါ PDF အမျိုးသား အလောင်းနှင့်အတူ အမ်-၂၂ သေနတ် ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၁ တောင့်၊ ဆိုင်ကယ် ၁ စီးတို့ကိုပါ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။