၂၁. ၉. ၂၀၂၃
Written by Min Mahar
ကော့ကရိတ်မြို့တွင်းသို့ KNU/PDF အဖွဲ့များမှ Drone ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသားတစ်ဦး ဒဏ်ရာရရှိမှု ယမန်နေ့ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ အမှတ် ၂ ရပ်ကွက်၊ ဝင်းကြီးရပ်ကွက်(ဒေသအခေါ်)၊ ဘုရင့်နောင်လမ်းတွင် စက်တင်ဘာ ၂၀ ညနေ ၅ နာရီကျော်က KNU/PDF အဖွဲ့မှ Drone ဖြင့် ဗုံးချတိုက်ခိုက်ခဲ့ရာ ကွမ်းသီးလှန်းနေသည့် အမျိုးသားတစ်ဦးအား ဗုံးစများထိမှန်ခဲ့သဖြင့် ဒေသခံလူမှုကူညီရေးယာဉ်ဖြင့် ကော့ကရိတ်မြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဒရုန်းဗုံးဖြင့်တိုက်ခိုက်မှုကြောင့် ကွမ်းလှန်းနေသည့် အမျိုးသား၏ ယာခြေသလုံးကို ဗုံးသီးစထိမှန်သွားသည့်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ယင်းဖြစ်စဉ်ဖြစ်ပွားရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး စစ်ဆေးမှုများပြုလုပ်ခဲ့ကာ ထပ်မံတိုက်ခိုက်မှုမပြုနိုင်ရန် အသင့်နေရာယူကာ စောင့်ကြည့်ခဲ့ကြောင်းလည်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။