၁၅. ၉. ၂၀၂၃
Written by Pan Ei
၁၉၉၀ ပြည့်နှစ်တွေတုန်းက အောင်မြင်ကျော်ကြားခဲ့တဲ့ နာမည်ကြီး အမေရိကန်အမျိုးသားအဆိုရှင်အဖွဲ့ NSync ဟာ နှစ်ပေါင်း ၂၀ ကျော်အတွင်းမှာ ပထမဆုံးသီချင်းအသစ်ကို ဖြန့်ချိတော့မယ်လို့ သိရပြီး NSync ရဲ့ အဖွဲ့ဝင်တွေဖြစ်ကြတဲ့ Justin Timberlake၊ Joey Fatone၊ JC Chasez၊ Lance Bass နဲ့ Chris Kirkpatrick တို့ဟာ သီချင်းအသစ်အတွက် ပြန်လည်ဆုံစည်းခဲဲ့ကြပါတယ်။
NSync ရဲ့ အဖွဲ့ဝင်ငါးဦးစလုံးပါဝင်တဲ့ သီချင်းဟာ သူတို့ရဲ့ အောင်မြင်ကျော်ကြားခဲ့တဲ့ ရွှေရောင်နေ့ရက်တွေနဲ့ ၂၀၀၁ ခုနှစ် နောက်ပိုင်းမှာမှ အခုထွက်ရှိမယ့်သီချင်းက ပထမဆုံး အကြိမ်ဖြစ်ပြီး အခုထွက်ရှိမယ့် သီချင်းသစ်နာမည်က “Better Place” ဖြစ်ကာ လာမယ့် နိုဝင်ဘာလ ၁၇ ရက်မှာ ရုံတင်မယ့် DreamWorks ရဲ့ အန်နီမေးရှင်းရုပ်ရှင် “Trolls Band Together” ဇာတ်ကားအတွက် ဇာတ်ဝင်တေးသီချင်းလည်း ဖြစ်ပါတယ်။
ဒါ့အပြင် နာမည်ကြီးကာတွန်းကား Trolls ရဲ့ နောက်ဆက်တွဲရုပ်ရှင်ဖြစ်တဲ့ “Trolls Band Together” မှာ NSync ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Justin Timberlake က Branch ဆိုတဲ့ ဇာတ်ကောင်နေရာအတွက်လည်း အသံသရုပ်ဆောင်အနေနဲ့ ပါဝင်ထားပါသေးတယ်။
Dreamworks ဝက်ဘ်ဆိုက်မှာ NSync အဖွဲ့ သီချင်းသစ်ရဲ့ အပိုင်းအနည်းငယ်ကို ပြသထားပြီး TikTok မှာလည်း သီချင်းထရေ လာကို နားဆင်နိုင်သလို သီချင်းအပြည့်အစုံကတော့ စက်တင်ဘာ ၂၉ ရက်မှာ ထွက်ရှိသွားမယ်လို့ သိရပါတယ်။
NSync အဖွဲ့ဝင်ငါးဦးစလုံးဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၂ ရက်ညက ကျင်းပခဲ့တဲ့ MTV VMAs ဆုပေးပွဲကိုလည်း တက်ရောက်ခဲ့ကာ သူတို့အဖွဲ့ရဲ့ အမာခံပရိသတ်တစ်ဦးဖြစ်ပြီး အကောင်းဆုံးပေါ့ပ်ဂီတဗီဒီယိုဆုရရှိခဲ့တဲ့ တေလာဆွစ်ကို ဆုကြေညာကာ ဆုချီးမြှင့်ပေးခဲ့ပါသေးတယ်။
Ref; CNN