၁၄. ၉. ၂၀၂၃
Written by Hey Mar
မြန်မာ့ဆက်သွယ်ရေးအော်ပရေတာ(MPT) က နိုင်ငံတစ်ဝန်းရှိ ပြည်သူတွေအတွက် အခမဲ့ကျန်းမာရေးပညာပေးအစီအစဉ်ကို အာယုနိုင်ငံတကာဆေးရုံကြီး၊ ပန်းလှိုင်ဆေးရုံကြီးတို့နဲ့ ပူးပေါင်းကာ ပညာပေးရုပ်သံဗွီဒီယိုတွေ အဖြစ်တင်ဆက်သွားမှာဖြစ်ပြီး MPT ရဲ့ MPT 4U အက်ပလီကေးရှင်းကနေတစ်ဆင့် လိုတရဝဘ်က်ပေါ်တယ်မှာအခမဲ့ကြည့်ရှုနိုင်မှာလို့ ဒီနေ့ စက်တင်ဘာလ ၁၄ ရက်မှာ အစီအစဉ်ကို မိတ်ဆက်ပွဲပြုလုပ်ပါတယ်။
မြန်မာနိုင်ငံမှာဖြစ်လေ့ဖြစ်ထရှိတဲ့ရောဂါတွေနဲ့ သက်ဆိုင်တဲ့ ပညာပေးဗွီဒီယိုတွေကို ဝေမျှသွားမှာဖြစ်ပြီး MPT ရဲ့ တရားဝင်မီဒီယာအပြင် မိတ်ဖက်အဖွဲ့အစည်းတွေရဲ့ ဆိုရှယ်မီဒီယာချန်နယ်တွေကနေတစ်ဆင့်လည်း ဖော်ပြပေးသွားမယ်လို့ သိရပါတယ်။
MPT – KSGM Joint Operation ရဲ့ လုပ်ငန်းလည်ပတ်ရေးဌာနမှ ဒုတိဘ အရာရှိချုပ် Mr. Naoki Shimane က “ သုံးစွဲသူ မိဘပြည်သူတွေအနေနဲ့ ကျန်းမာရေးဆိုင်ရာဗဟုသုတတွေရှိထားရင် အဖြစ်များပြီး ကာကွယ်လို့ရတဲ့ရောဂါအမျိုးအစားတွေကို သိရှိနားလည်ပြီး ပိုမိုကာကွယ်လာနိုင်ပါမယ်။ နိုင်ငံရဲ့လူမှုစီးပွားရေးကဏ္ဍတွေမှာကျန်းမာရေးက အရေးကြီးဆုံး အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ဒါ့ကြောင့် ကျန်းမာရေးစောင့်ရှောက်မှုနယ်ပယ်မှာ နာမည်ရထားတဲ့ မိတ်ဖက်အဖွဲ့အစည်း နှစ်ခုနဲ့ အခုလိုပူးပေါင်းဆောင်ရွက်ခဲ့တာပါ။ အခုချိန်အထိ MPT အနေနဲ့ ကျန်းမာရေးကဏ္ဍအတွက် မြန်မာကျပ်ငွေ ကျပ် ၁၀၆၅ သန်းခန့်ကို သုံးစွဲထောက်ပံ့ခဲ့ပြီးပါပြီ “လို့ အစီအစဉ်မိတ်ဆက်ပွဲ အခမ်းအနားမှာပြောပါတယ်။
MPT အနေနဲ့ ၂၀၁၇ ခုနှစ်ကနေ စတင်ပြီး အခု ၂၀၂၃ ခုနှစ်အထိ လူမှုအကျိုးပြုလုပ်ငန်းတွေမှာ မြန်မာကျပ်ငွေ ကျပ်သန်းပေါင်း ၂၆၀၀၀ ကျော်ကို ထောက်ပံ့သုံးစွဲထားပြီး မကြာသေးမီကလည်း ကျန်းမာရေးအတွက် ဒေတာအာမခံပက်ကေ့ချ်ကို မိတ်ဆက်ခဲ့ပါသေးတယ်။