MT News
၁၀. ၉. ၂၀၂၃
တရားမဝင် လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ ဆိုင်ကယ်အပိုပစ္စည်းများနှင့် မော်တော်ယာဉ်များအပါအဝင်တရားမဝင်ပစ္စည်းများ သုံးရက်အတွင်း သိမ်းဆည်းရမိခဲ့သည်ဟု တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
ဖမ်းဆီးရမိမှုများမှာ စက်တင်ဘာ ၅ ရက်တွင် အေးရှားဝေါလ် ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာငါးလုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်နှင့် ကွဲလွဲစွာတင်သွင်းလာသည့် Har Har Baby Diaper ၈၁၉၄ ဒသမ ၅ ကီလိုဂရမ်အပါအဝင် ကုန်ပစ္စည်းငါးမျိုး (ခန့်မှန်းတန်ဖိုးငွေ ၁၁၄၀၈၅၉၂၇ ကျပ်)၊ စက်တင်ဘာ ၆ ရက်တွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၊ လေဆိပ်(သွင်းကုန်)၌ ဝန်စည်တစ်ခုအတွင်းမှ တရားဝင်စာရွက် စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် DJI Mavic 3 Classic Drone နှစ်ခု (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀၀၀၀၀)၊ မရမ်းချောင်အမြဲ တမ်းစစ်ဆေးရေးစခန်း၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော ယာဉ်နှစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် Essence Softener ကီလိုဂရမ် ၅၀၀၀၊ Foremost Omega 369 နို့ထွက်ပစ္စည်းဘူး ၂၈၈၀၀ အပါအဝင် ကုန်ပစ္စည်းသုံးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၆၇၈၄၅၀)၊ အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel တစ်စီး၊ Chang Long Tractor Head တစ်စီးနှင့် နောက်တွဲယာဉ်တစ်တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၅၀၀၀၀၀၀)ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေ ၂၁၃၇၆၄၃၇၇ ကျပ်ကိုသိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် စက်တင်ဘာ ၇ ရက် တွင် ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ လားရှိုး-မူဆယ်လမ်းမကြီး မိုင်တိုင်အမှတ် (၁၈၄/၅)အနီး၌ ရပ်တန့်ထားသော လိုင်စင်မဲ့ Toyota Min Van တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၀၀၀၀၀)၊ သိန္နီမြို့အဝင် နမ္မတူတံတားအနီး၌ မူဆယ်မြို့မှ ချင်းရွှေဟော်မြို့သို့ မောင်းနှင်လာသည့် ယာဉ်ခုနစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် ဟင်းနွေးစက်လေးခု၊ Phone Cover ကီလိုဂရမ် ၁၆၀၊ ဆိုင်ကယ်အပိုပစ္စည်းများ ဖြစ်သည့် Shock Absorber အခု ၂၀၀၊ Piston အခု ၂၀၀၀၊ Brake Shoe အခု ၈၀၀ နှင့် မျက်နှာကြက်မီးဆိုင်း အခု ၅၀ အပါအဝင်ကုန်ပစ္စည်း ၂၇ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၃၃၃၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan AD Van ခြောက်စီးနှင့် Toyota Hiace တစ်စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၀၀၀၀၀၀၀) ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၂၁၈၃၃၀၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး သက်ဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
အလားတူ စက်တင်ဘာ ၇ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဘုရားကြီးလမ်းဆုံမီးပွိုင့်အနီး၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော ယာဉ်တစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် PE Transparent Plastic Sheet ကီလိုဂရမ် ၆၆၀၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၉၂၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Hino Tractor Head တစ်စီးနှင့် နောက်တွဲယာဉ်တစ်တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀၀၀၀၀၀၀) စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၆၇၉၂၀၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်၍ စက်တင်ဘာ ၅ ရက်၊ ၆ ရက်နှင့် ၇ ရက်တို့တွင် ဖမ်းဆီးရမိမှုစုစုပေါင်းမှာ အမှုတွဲ ၂၃ မှု (ခန့်မှန်းတန်ဖိုးငွေ ၅၀၀၀၁၄၃၇၇ ကျပ်)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။