MT News
Written by Nay Moe
နှစ်လကျော်ရောင်းချနေရပြီး ဝယ်သူမရှိသည့် နွေဦးနှင်းဆီမြေကွက် ဒေါ်လာ ၂ ဒသမ ၄ သန်းဖိုးအား တစ်ဦးတည်းက ဝယ်ယူသွားသည်ဟု NUG က နိုဝင်ဘာ ၅ ရက်နေ့က ပြောသည်။
စက်တင်ဘာလကတည်းကရောင်းချနေပြီး ဝယ်သူမရှိသဖြင့် ကျန်ရှိနေသည့် မြေကွက်များနှင့်ပတ်သက်ပြီး အဓိကတာဝန်ယူထားသူ NUG ဝန်ကြီး ဦးတင်ထွန်းနိုင်က ” “တဦးတည်းက ဒေါ်လာ ၂.၄ သန်းဘိုး မြေကွက်များဝယ်ယူ” မန္တလေးရွှေမြို့ ဒေါ်အောင်ဆန်းစုကြည်လမ်း၊ နွေဦးနှင်းဆီ စီမံကိန်းအား ပေတရာ ပတ်လည် ( 100 X 100 ) မြေကွက် ၂၀ ဖော်ထုတ်ရောင်းချခဲ့ရာတွင် ကျန်ရှိနေသည့် မြေကွက် ၁၀ ကွက်၊ တန်ဘိုးအားဖြင့် အမေရိကန် ဒေါ်လာ ၂.၄ သန်းအား တဦးတည်းက ဝယ်ယူအားပေးသွားပါသည်။ ထိုကဲ့သို့ ပမာဏများများ ဝယ်ယူအားပေးသူများနည်းတူ မိမိတို့ နိုင်သမျှ တဦးချင်း တကွက်ချင်း ဝယ်ယူအားပေးကြသူများအားလုံးနှင့် နိုင်ရာဝန်ထမ်းနေကြတဲ့ တော်လှန်ပြည်သူအားလုံးကို တော်လှန်ရေး အောင်စိတ်ဖြင့် လေးစားစွာ ဦးညွှတ်ဂုဏ်ပြုအပ်ပါသည်(သတ်ပုံများ မူရင်းအတိုင်း)”ဟု ဆိုသည်။
ထို့အတူ EOD ကလည်း”ပြည်တော်ဝင်ပြီး နန်းသိမ်းအောင်ပွဲခံကြမယ့် ရွှေမန္တလေးရဲ့ EOD စီမံကိန်းတွေထဲက နွေဦးနှင်းဆီ ရဲ့ ပေ၁၀၀xပေ၁၀၀ မြေကွက်တွေနဲ့ ပတ်သက်ပြီး ဝမ်းသာစရာ သတင်းစကား ပေးချင်ပါတယ်။ တော်လှန်ရေးမှာ ရွှေမန်းသူ ရွှေမန်းသားတွေ ဘယ်တော့မှ နောက်ကျ မကျန်ခဲ့ဘူး ဆိုတာကို ထပ်မံသက်သေ ပြလိုက်တာပါပဲ။ မဟာအောင်မြေမြို့၊ အောင်ဆန်းစုကြည်လမ်း တောင်ဘက်၊ စစ်တပ်က သိမ်းယူထားတဲ့ မြေနေရာမှာ ဖော်ဆောင်တဲ့ “နွေဦးနှင်းဆီ” မှာ ပေ၁၀၀xပေ၁၀၀ မြေကွက်ပေါင်း ၂၀ ပါဝင်ပြီး တကွက်ကို တော်လှန်ရေး ကာလအတွင်း ဒေါ်လာ ၂ သိန်း ၄ သောင်း ပေးသွင်းရမယ့် မြေကွက်များ ဖြစ်ပါတယ်။ စတင်ရောင်းချတဲ့ အောက်တာဘာ ၁ ရက်ကနေ ဒီနေ့ထိ ၁၀ ကွက် ရောင်းချခဲ့ရပါတယ်။ ဒီနေ့မှာတော့ ကျန်တဲ့ ၁၀ ကွက်၊ တန်ဖိုးအားဖြင့် ဒေါ်လာ ၂.၄ သန်းဖိုးကို တဦးတည်း ဝယ်ယူပြီး တော်လှန်ရေးကို အားရပါးရ ထောက်ပို့မယ့် ပြည်သူ တဦးပေါ်လာခဲ့ပါတယ် (သတ်ပုံများ မူရင်းအတိုင်း)” ဟု ရေးသားခဲ့သည်။