MT News
Written &Photo Tha Doe
နိုဝင်ဘာ ၅ ရက်မှ တန်ဆောင်မုန်းလပြည့်ညအထိ ကျင်းပမည့် ရန်ကုန်မြို့တော် တန်ဆောင်တိုင် မီးထွန်းပွဲတော်နှင့် ဈေးရောင်းပွဲတော်ကို ယနေ့မှစတင်၍ ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်တွင် စတင်ကျင်းပနေကြောင်း သိရသည်။
ပြည်သူ့ရင်ပြင်၌ ကျင်းပနေသည့် တန်ဆောင်တိုင်မီးထွန်းပွဲတော်၌ မကြာသေးမီက ပေါ်ထွန်းခဲ့သည့် ဆင်ဖြူတော်ငယ်နှင့် မိခင်ပုံရိပ်များအပါအဝင် ရောင်စုံမီးအလှများစွာဖြင့် ဆင်ယင်ထားသည့်အပြင် ပွဲတော်လာပြည်သူများ စိတ်အပန်းဖြေစေရန် တေးဂီတဖျော်ဖြေမှုနှင့်အတူ ဈေးရောင်းပွဲတော်တွင်လည်း ဆိုင်ခန်းပေါင်း ၁၀၀ ကျော် ဖွင့်လှစ်ရောင်းချပေးလျှက်ရှိသည်၊၊ ထို့ပြင် ဘုရားပွဲတော်လာ ပြည်သူများအနေဖြင့် မီးပုံးပျံများ ပျော်ရွှင်စွာလွှင့်တင်နေပြီး မီးသတ်တပ်ဖွဲ့ဝင်များကလည်း ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များကို ဂရုပြုကာကွယ်ပေးနေသည်။
အဆိုပါ အစီအစဥ်များနှင့် ခင်းကျင်းမှုများအပြင်တန်ဆောင်မုန်း လပြည့်ညတွင်လည်း မီးရှူး၊ မီးပန်းများ ပစ်ဖောက်၍ ရွှေတိဂုံစေတီတော်မြတ်ကြီးအား ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်၊၊