MT News
Written by Nay Moe
ဦးသန်းရွှေ၏ သမက်ဟောင်း ဒေါက်တာနေစိုးမောင် ဥက္ကဋ္ဌအဖြစ် ဦးဆောင်နေသော မြန်မာနိုင်ငံခြေလျင်နှင့် တောင်တက်အဖွဲ့ချုပ် ပုပ္ပါးတောင်မကြီးသို့ နိုဝင်ဘာ ၅ ရက်က တောင်တက်ရာ ဂေါက်နေသူတစ်ယောက်ပါလာပြီး ပုပ္ပါးတောင်မကြီးအပေါ် အမှိုက်ပစ်၍ ပြန်ကောက်ခိုင်းသည်ကို ပြန်မကောက်သဖြင့် ဝေဖန်ခံနေရသည်။
လူမှုကွန်ရက်တွင် စည်းကမ်းစနစ်ကျသည့် လူများကို ကူညီတတ်သော ကိုယ်ကျိုးမရှာသည့်အသွင်ဖြင့် ထင်ပေါ်လာသူ စစ်အာဏာရှင်ဟောင်း၏ သမက်ဖြစ်ခဲ့သူ ဒေါက်တာနေစိုးမောင်၏ ခြေလျင်နှင့် တောင်တက်အဖွဲ့ချုပ်နှင့်ပတ်သက်ပြီး မဟာဂီရိတောင်တက်ဝန်ဆောင်မှုမှ ကိုတင်ကိုမင်းက “မြန်မာနိုင်ငံခြေလျင်နဲ့တောင်တက်အဖွဲ့ချုပ်က ဒီကနေ့ ပုပ္ပါးတောင်မကြီးကို တောင်တက်လာတယ်။ ။မဟာဂီရိက တောင်တက်ဝန်ဆောင်မှု နဲ့တိုးတယ်။ အမှိုက်ချခဲ့တယ်။ အမ အမှိုက်ပြန်ကောက်သွားပြောတော့ အေးဆေးပဲ။ကောက်မသွားဘူး။ သူတို့အဖွဲ့ထဲက သူ သက်သေရှိသလို ကျွန်တော့ မဟာဂီရိ က သက်သေရှိတယ်။တောင်တွေပတ်တက် အမှိုက်တွေ လိုက်ချနေတဲ့ အဖွဲ့များလားဟ။ ဆောင်ပုဒ်အကြီးစားကြီးတွေနဲ့ ရှက်လည်း မရှက်တတ်ကြတဲ့သူတွေ။ ဒေါက်တာနေစိုးမောင်နဲ့သိတဲ့သူများရှိရင် ပြောပေးပါဦး။ တောင်တွေတောတွေပေါ် အမှိုက်တွေတော့ မချခဲ့ကြပါနဲ့လို့” ဟု လူမှုကွန်ရက်တွင် ဝေဖန်ရေးသားခဲ့သည်။
ထို့သို့ ကိုတင်ကိုမင်းက စည်းမဲ့ကမ်းမဲ့ အမှိုက်ပစ်သည့် ဒေါက်တာနေစိုးမောင်၏ နိုင်ငံတော်အဆင့်ခြေလျင်နှင့် တောင်တက်အဖွဲ့ချုပ်၏ စည်းကမ်းမဲ့လုပ်ရပ်အပေါ် သိရှိသူတစ်ဦးက ဒေါက်တာနေစိုးမောင်အား Mention ခေါ်ယူအသိပေးရာ ဒေါက်တာနေစိုးမောင်က သူ့ကိုယ်သူဆရာဟု သုံးနှုန်းပြီး ထိုအမှိုက်ပစ်သူမှာ အဖွဲ့ချုပ်မှမဟုတ်ကြောင်း ဂေါက်နေသူတစ်ယောက်ပါလာခြင်းသာဖြစ် ကြောင်း ဖြေရှင်းခဲ့သည်။
“ဟုတ်ပါတယ် ဆရာတို့အဖွဲ့ဝင် မဟုတ်တဲ့သူ တစ်ယောက်၊ ဂေါက်နေတဲ့သူတယောက်ကပ်လိုက်လာတယ်။ ဆရာတို့ရဲ့ uniform နဲ့လည်းမဟုတ်ပါ။ သူ့ကိုလည်း လက်မခံဘဲ ပြန်ခိုင်းလိုက်ပါပြီ”ဟု ဒေါက်တာနေစိုးမောင်က ဖြေရှင်းသည်။
လူမှုကွန်ရက်တွင် အာဏာရှင်ဟောင်း၏ သမက်ဟောင်းဖြစ်သော်လည်း ကိုယ်ကျိုးမရှာခဲ့ကြောင်းများကို ‘ဆရာ’ဟု အမြဲသုံးနှုန်းကာ ရေးသားလေ့ရှိသူ ဒေါက်တာနေစိုးမောင်က စည်းကမ်းမဲ့အမှိုက်ပစ်ချမှုအတွက် တောင်းပန်ဖြေရှင်းရသည်ကိုပင် မိမိကိုယ်ကို’ဆရာ’ ဟု ထပ်မံသုံးစွဲနေသဖြင့် Ko Tar Byaw အကောင့်ပိုင်ရှင်က ဒေါက်တာနေစိုးမောင်အား”ဆရာတို့အဖွဲ့ဝင်လို့ မသုံးသင့်ဘူး ဆရာ ကျွန်တော်တို့အဖွဲ့ဝင်လို့ သုံးသင့်တယ်ဆရာ နယ်ပယ်မတူဘူး ဆရာ” ဟု တုံ့ပြန်ခဲ့သည်။
ဒေါက်တာနေစိုးမောင်၏ ခြေလျင်နှင့် တောင်တက်အဖွဲ့ချုပ်အနေဖြင့် တောင်တက်လှုပ်ရှားမှုများ ပြန်လည်စတင်ရန် ပြီးခဲ့သည့် သုံးလခန့်ကမှ ကြိုးပမ်းခဲ့ခြင်းဖြစ်ပြီး ပထမဆုံးခရီးစဥ်တွင်ပင် စည်းကမ်းမဲ့အမှိုက်ပစ်မှုများကြောင့် ဝေဖန်ခံနေရခြင်းဖြစ်သည်။