◾ ယနေ့ညနေ ယှဥ်ပြိုင်မဲ့ ဆီမီးဖိုင်နယ်မှာ ဒေသတွင်းယှဥ်ပြိုင်ချိန် အနိုင်ရခဲ့တဲ့ ဂျော်ဒန်နဲ့ တွေ့ဆုံနေ
၂၉. ၈. ၂၀၂၃
Written by Thettant
ရိုမေးနီးယားနိုင်ငံမှာ ကျင်းပနေတဲ့ IESF World Championship 2023 ပြိုင်ပွဲမှာ မြန်မာ့လက်ရွေးစင်အသင်းက အမေရိကန်ကို အနိုင်ယူပြီး ဆီမီးဖိုင်နယ်တက်လာခဲ့ပြီဖြစ်သလို ဒီနေ့ညနေ ယှဥ်ပြိုင်မဲ့ ဆီမီးဖိုင်နယ်မှာလည်း ဒေသတွင်းယှဥ်ပြိုင်ချိန် အနိုင်ရခဲ့တဲ့ ဂျော်ဒန်နဲ့ ညနေ ၅ နာရီမှာ ယှဉ်ပြိုင်ဆော့ကစားရမှာပဲဖြစ်တယ်လို့ မြန်မာကိုယ်စားပြု Esports ပြိုင်ပွဲတွေ ဖော်ပြထုတ်လွှင့်ပေးနေတဲ့ The Regional မှာ ဖော်ပြထားပါတယ်။
Romania နိုင်ငံ Iasi မြို့မှာ ကျင်းပနေတဲ့ IESF World Championship 2023 Main Stage မှာ Team Myanmar အနေနဲ့ Philippines, Ecuador,Ukraine တို့နဲ့အတူတူ Group D မှာကျရောက်ခဲ့ပြီး မြန်မာ၊ ဖိလစ်ပိုင်နဲ့ယူကရိန်းတို့ ရမှတ်တူနေတာကြောင့် Tiebreaker ပြန်လည်ယှဥ်ပြိုင်ချိန်မှာ မြန်မာအသင်းက ဖိလစ်ပိုင်အသင်းကို အနိုင်ယူနိုင်ခဲ့လို့ ကွာတားဖိုင်နယ်တက်ရောက်ခဲ့တာပါ။ ကွာတားဖိုင်နယ်မှာ အမေရိကန်အသင်းကို အနိုင်ယူနိုင်ခဲ့ပြီး ဆီမီးဖိုင်နယ်မှာတော့ Regional တုန်းက အနိုင်ရထားတဲ့ ဂျော်ဒန်အသင်းနဲ့ ထိပ်တိုက်တွေ့နေတာလည်း ဖြစ်ပါတယ်။
Team Jordan အနေနဲ့ Group Stage မှာတုန်းက Group B မှာကျရောက်ခဲ့တာဖြစ်ပြီး အကောင်းဆုံးလက်စွမ်းပြမှုတွေနဲ့အတူ အုပ်စုဒုတိယနေရာနဲ့ Playoffs Stage ကိုတက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။UpperBracket Final မှာလည်း Team Bulgaria ကို 2-0 ဆိုတဲ့ရလာဒ်နဲ့အနိုင်ရရှိကာ Semi-Final ကိုတက်လှမ်းနိုင်ခဲ့တာလည်းဖြစ်ပါတယ်။Team Myanmar အနေနဲ့ကလည်း မနေ့ကယှဉ်ပြိုင်ကစားခဲ့တဲ့ Team United States နဲ့ပွဲစဉ်မှာ Ti ကစားသမားတွေကဘယ်သူလည်းဆိုတာကို ပြန်မေးရလောက်တဲ့ထိ အကောင်းဆုံးလက်စွမ်းပြသထားတာဖြစ်ပြီး Team Myanmar ရဲ့ Peak Form ကို ပြသထားတာလည်းဖြစ်ပါတယ်။
နှစ်သင်းထိပ်တိုက်တွေ့ဆုံမှုမှာတော့ Regional Stage တုန်းက Team Myanmar အနေနဲ့ 1-0 ဆိုတဲ့ရလာဒ်နဲ့ Team Jordan ကိုအနိုင်ရရှိထားတာဖြစ်ပြီး ဒီနေ့လာမယ့် Team Jordan နဲ့ UpperBracket Semi-Final ပွဲစဉ်မှာလဲ Team Myanmar ဆိုတာ ဘယ်လိုအသင်းလဲဆိုတာကို ကောင်းမွန်တဲ့လက်စွမ်းတွေနဲ့အတူ အကောင်းဆုံးကြိုးစားယှဉ်ပြိုင်သွားမှာပဲဖြစ်ပါတယ်။
IESF World Championship 2023 ပြိုင်ပွဲအတွက် Dota-2 National Qualifier အဆင့်မှာ Yangon Galacticos အသင်းဟာ The Immortal ကို အနိုင်ရခဲ့တာလည်းဖြစ်ပြီး မြန်မာကိုယ်စားပြု ဒီ Yangon Galacticos Dota 2 eSports အသင်းမှာတော့ Zaw Rain၊ Skill Lay၊ KSH၊ Young PH နဲ့ Show T တို့ ပါဝင်နေပါတယ်။
News & Photo Credit The Regional