၂၃.၈.၂၀၂၃
Translated by Htwe Ko Tun
မန်ချက်စတာယူနိုက်တတ်အသင်းပိုင်ရှင် Glazer မိသားစုက မန်ချက်စတာယူနိုက်တတ် ဘောလုံးအသင်းအား ကာတာနိုင်ငံမှ ဘဏ်လုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ရှိတ်ဂျက်ဆင်သိုရောင်းချရန်ဆုံးဖြတ်ခဲ့ကြောင်း Football 365 က ဖော်ပြမှုအရ သိရသည်။
အသင်းအပေါ် ကုတ်သွေးစုပ်အမြတ်ထုတ်မှုကြောင့် ပရိသတ်များ၏ ကန့်ကွက်ဆန္ဒပြမှုခံနေရသော Glazer မိသားစုက အသင်းအားရောင်းချရေးအတွက် ရှိတ်ဂျက်ဆင်နှင့် ဓာတုဗေဒပစ္စည်းလုပ်ငန်း Ineos ကိုတည်ထောင်သူ ဗြိတိသျှ ဘီလျံနာ ဆာဂျင်း ရက်ကလစ်ဖ်တို့အား ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။
၎င်းတို့နှစ်ဦး ယှဉ်ပြိုင်လေလံဆွဲမှုအပြီး Glazers မိသားစုက အောက်တိုဘာလလယ်တွင် မန်ချက်စတာယူနိုက်တတ် အသင်းအား အနိုင်ရသူ ရှိတ်ဂျက်ဆင်ထံ ပေါင်စတာလင် ခြောက်ဘီလျံဖြင့်ရောင်းချမည်ဟု သိရသည်။
Glazers မိသားစုက မန်ချက်စတာယူနိုက်တတ်အသင်းအား ၂၀၀၅ ခုနှစ်တွင် ပေါင်စတာလင် သန်း ၇၉၀ ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ရာ ကြီးမားသောအမြတ်ရရှိခဲ့ကြောင်း သိရသည်။
Ref-football 365