၂၃. ၈. ၂၀၂၃
Written by Nay Aung
မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ဆက်သွယ်ရေးလိမ်လည်မှုကျူးလွန်ကြောင်း သံသယရှိသူ ၂ ဦးအား ဖမ်းဆီးပြီးနောက် ယနေ့ သြဂုတ် ၂၃ ရက် နံနက်ပိုင်းတွင် တရုတ်နိုင်ငံရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် အဆိုပါသံသယရှိသူနှစ်ဦးကို တရုတ်ရဲတပ်ဖွဲ့ထံ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လွှဲပြောင်းပေးခဲ့ပြီး ၎င်းတို့နှစ်ဦးကို တရုတ်နိုင်ငံသို့ ဖမ်းဆီးခေါ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာရဲတပ်ဖွဲ့သည် ဆက်သွယ်ရေးလိမ်လည်မှုကျူးလွန်ကြောင်း သံသယရှိမှုဖြင့် ဖမ်းဆီးထားသူ ၆ ဦးကို တရုတ်ရဲတပ်ဖွဲ့ထံ ၂၀၂၃ ခုနှစ် ဇွန်လအတွင်း လွှဲပြောင်းပေးခဲ့ပြီးနောက် သြဂုတ်လတွင် သံသယရှိသူနှစ်ဦးကို ဖမ်းဆီးပြီး တရုတ်ရဲတပ်ဖွဲ့လက်ထဲသို့ ထပ်မံလွှဲပြောင်းပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ အဆိုပါ တရုတ်ရဲတပ်ဖွဲ့ထံ ဖမ်းဆီးလွှဲပြောင်းပေးခဲ့သော သံသယရှိသူနှစ်ဦးအနက် တစ်ဦးသည်လောင်းကစားနှင့်လိမ်လည်မှုအဖွဲ့၏ အမာခံခေါင်းဆောင်ဖြစ်ကြောင်း သိရသည်။
မကြာသေးမီက တရုတ်-ထိုင်း-မြန်မာ-လာအို ၄ နိုင်ငံရဲတပ်ဖွဲ့များသည် လောင်းကစားနှင့်လိမ်လည်မှုအုပ်စုများကို ပူးပေါင်းတိုက်ဖျက်ရေးအတွက် အထူးပူးတွဲလှုပ်ရှားမှုစတင်ခဲ့ပြီး ဒေသတွင်းဆက်သွယ်ရေး အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားပြစ်မှုကျူးလွန်မှုများကို တင်းကျပ်စွာတိုက်ဖျက်၍ လူကုန်ကူးခြင်း၊ ပြန်ပေးဆွဲခြင်း၊ ထိန်းချုပ်ထားခြင်း စသည့် ပြစ်မှုကျူးလွန်မှု များစွာဖြစ်ပွားနေသည့်အခြေအနေကို ပြတ်ပြတ်သားသားပြောင်းလဲရန် ရည်ရွယ်ထားကြောင်း သိရသည်။
ထိုင်းနှင့်မြန်မာ နယ်စပ်ဒေသတစ်လျှောက်တွင် အွန်လိုင်းနှင့်ဆက်သွယ်ရေးလုပ်ငန်းများကို အသုံးချပြီး လိမ်လည်မှုလုပ်ငန်းများ၊ လူကုန်ကူးမှုများ ကျူးလွန်နေသောရာဇဝတ်ဂိုဏ်းများရှိနေကြောင်း နိုင်ငံတကာမီဒီယာများကဖော်ပြထားပြီး မြဝတီမြို့ရှိ အွန်လိုင်းအသုံးပြုကာ လိမ်လည်မှုကျူးလွန်နေသည့် လူကုန်ကူးဂိုဏ်းများလက်ထဲတွင် ပိတ်မိနေသည့် အိန္ဒိယ၊ အင်ဒိုနီးရှား နိုင်ငံသားတို့အပါအဝင် နိုင်ငံသားအချို့ကို ပြန်လည်ကယ်ထုတ်ခဲ့ရကြောင်း သိရသည်။
Ref- — china news