MT News
Written by Naing Thuta
စိတ်ဝေဒနာရောဂါခံစားနေရသည့် တည်းခိုခန်းပိုင်ရှင်၏သားဖြစ်သူ စိတ်ဖောက်ပြန်ပြီး ၎င်းတို့ပိုင်တည်းခိုခန်း(ခြောက်ထပ်တိုက်) ဒုတိယထပ်မှ ခုန်ချသေဆုံးမှု မန္တလေးမြို့တွင် ယမန်နေ့ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း မန္တလေးအခြေစိုက် ပရဟိတအသင်းများထံမှ သိရသည်။
ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၌ ဖွင့်လှစ်ထားသော ……. တည်းခိုခန်း(ခြောက်ထပ်တိုက်)၏ ဒုတိယထပ်မှ အသက် ၃၁ နှစ်အရွယ် စိတ်ဝေဒနာရောဂါခံစားနေရသည့် ၎င်းတည်းခိုခန်းပိုင်ရှင်၏သားဖြစ်သူသည် ယမန်နေ့ (ဩဂုတ် ၂၁ ရက်)ည ၈ နာရီခန့်က စိတ်ဖောက်ပြန်ပြီး ခုန်ချသေဆုံးသွားခဲ့ကြောင်း သိရသည်။
အဆိုပါ စိတ်ဝေဒနာခံစားနေရသူသည် တည်းခိုခန်းအရှေ့ ၂၉ လမ်းမပေါ်တွင် မှောက်လျှက်အနေအထားဖြင့် နှုတ်ခမ်းဝဲ/ယာဘက်သို့ ညိုမဲနေသည့်ဒဏ်ရာ၊ ဝမ်းဗိုက်ပေါက်ကာ အူထွက်သွားသည့်ဒဏ်ရာ၊ ဝဲ/ယာခြေကျင်းဝတ်ကျိုးပဲ့ဒဏ်ရာများဖြင့် သေဆုံးသွားသောကြောင့် ရုပ်အလောင်းအား ပရဟိတဓာရီလူမှုကူညီရေးအသင်းယာဉ်ဖြင့် မန္တလေးဆေးရုံကြီးရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။