MT News
Written by Nay Moe
အသက် ၅၇ နှစ်အရွယ် အမျိုးသားကြီးတစ်ဦးကို သတင်းပေးဟုဆိုကာ ကလိန်အောင် PDF အဖွဲ့က ချောင်းမြောင်း၍ ဝိုင်းဝန်းပစ်ခတ် သတ်ဖြတ်လိုက်သည်ဟု ယခု သတင်းထုတ်ပြန်သည်။
ဖြစ်စဥ်မှာ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့အခြေစိုက်(Spring Dhamma PDF) K.L.A အဖွဲ့က ကလိန်အောင်မြို့၊ ကျောက်ရှပ်ကျေးရွာနေ အသက်(၅၇)နှစ်အရွယ် ဦးသိန်းစိုးအား သတင်းပေးဟုဆိုကာ ကျောက်ရှပ်ရွာနွယ်လိမ် ဥယျာဥ်ခြံမှအပြန် လမ်းပိုင်းတစ်နေရာတွင် PDF အဖွဲ့လိုက်စောင့်၍ ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ချောင်းမြောင်းသတ်ဖြတ်မှုအပြီးတွင် PDF များက သတင်းပေးဟု စွပ်စွဲသတ်ဖြတ်ခံရသည့် ဦးသိန်းစိုးထံမှ M4-16 နှင့်ပစ်သော လက်လုပ်အတိုတစ်လက်၊ လခရနှင့်ဆက်သွယ်ထားသောအချက်အလက်များကို သိမ်းဆည်းရရှိခဲ့သည်ဟု ဆိုသည်။
ထိုဖြစ်စဥ်တွင် ဆိုင်ကယ်ဖြင့်ပြန်လာသော ဦးသိန်းစိုးကို ကလိန်အောင် PDF သုံးဦးက သစ်ပင်များအကွယ်မှ ချောင်းမြောင်းပစ်ခတ်ဖွယ်ရှိသော ရုပ်သံဖိုင်တစ်ခုသာ တင်ထားပြီး ဦးသိန်းစိုးထံမှ ရရှိသည်ဆိုသော လက်လုပ်သေနတ်နှင့် အထောက်အထားတစ်ခုမျှ ထုတ်ပြန်နိုင်ခြင်းမရှိဘဲ စွပ်စွဲသတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟုလည်း သိရသည်။