MT News
Translated by Htwe Ko Tun
ထိုင်းနိုင်ငံပါလီမန်တွင် အထက်လွှတ်တော်နှင့် အောက်လွှတ်တော်အမတ်များ ပူးတွဲ၍ ဝန်ကြီးချုပ်အသစ်အတွက် မဲပေးရွေးချယ်မှုကို ဩဂုတ် ၂၂ ရက်တွင် ကျင်းပခဲ့ရာ ဖျူထိုင်းပါတီမှ အဆိုပြုထားသည့် ဆရက်သာ သာဗီဆင်က ထောက်ခံမဲ ၄၀၀ ရရှိခဲ့၍ လိုအပ်သောထောက်ခံမဲ ၃၇၅ မဲထက်ကျော်လွန်ကာ ထိုင်းနိုင်ငံ၏ အယောက် ၃၀ မြောက် ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံခဲ့ရပြီဖြစ်ကြောင်း သိရသည်။
ဆရက်သာ သာဗီဆင်ကို အထက်လွှတ်တော်အမတ်များအနက် ၇၀ ကျော်က ထောက်ခံမဲပေးခဲ့၍ ၎င်းက လိုအပ်သော ထောက်ခံမဲ ၃၇၄ မဲထက်ကျော်လွန်ကာ ဝန်ကြီးချုပ်အဖြစ်ရွေးချယ်ခံခဲ့ရခြင်းဖြစ်ကြောင်းလည်း သိရသည်။
Ref—-Khaosod