၂၁. ၈. ၂၀၂၃
Written By Thandar
ထိုင်းဒါရိုက်တာ Chartchai Ketnust ရိုက်ကူးထားတဲ့ သည်းထိပ်ရင်ဖို (Horror) ပုံစံ “လိပ်ပြာစံအိမ်” (The Only Mom) ရုပ်ရှင်ဇာတ်ကားဟာ Netflix မှာ ပထမဦးဆုံး ပြသခွင့်ရလာတယ်လို့ သိရပါတယ်။
ဒီရုပ်ရှင်ကားကို အခုသြဂုတ်လအတွင်း စတင် ပြသနေပြီဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ရုပ်ရှင်ဟာ Netflix မှာ ပထဆုံးပြသခွင့်ရတဲ့ မြန်မာရုပ်ရှင်ဖြစ်ပြီးတော့ လတ်တလောမှာ ထိုင်းနိုင်ငံတခုထဲသာ ကြည့်ရှုနိုင်မှာ ဖြစ်တယ်လို့ဆိုပါတယ်။
“လိပ်ပြာစံအိမ်” ရုပ်ရှင်ဇာတ်ကားကို ထိုင်းဒါရိုက်တာ Chartchai Ketnust က ရိုက်ကူးပြီး နိုင်နိုင်း၊ ဒေါင်း၊ ဝတ်မှုန်ရွှေရည်နဲ့ ကလေး သရုပ်ဆောင် ပြည့်ပြည့်၊ တုန်တုန်တို့ ပါဝင် သရုပ်ဆောင်ထားသလို ၂၀၁၉ ခုနှစ်က မြန်မာပြည်တွင်းမှာ ရုံတင်ပြသခဲ့ပါတယ်။ ဒါ့အပြင် ပြည်ပနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ စင်ကာပူ၊ ဟောင်ကောင်၊ မကာအို၊ ထိုင်ဝမ်၊ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဗီယက်နမ်နိုင်ငံတွေမှာလည်း လှည့်လည်ပြသခဲ့ပါတယ်။
“လိပ်ပြာစံအိမ်” ဟာ အာရှရုပ်ရှင်ဆုပေးပွဲတစ်ခုဖြစ်တဲ့ Asian Academy Creative Awards 2019 ခုနှစ် ဆုပေးပွဲမှာ ကလေး သရုပ်ဆောင် ပြည့်ပြည့်က အကောင်းဆုံးဇာတ်ပို့ဆုရရှိခဲ့ပြီး အခြား Title ဆု ၆ ဆု ရရှိခဲ့တာလည်း ဖြစ်ပါတယ်။