၂၂. ၈. ၂၀၂၃
Translated by Htwe Ko Tun
ပြည်ပတွင် ၁၅ နှစ်ကြာ သွားရောက်နေထိုင်ခဲ့ပြီးနောက် ယနေ့ ဩဂုတ်လ ၂၂ ရက်တွင် ထိုင်းနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည့် ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်းသက်ဆင် ရှီနာဝါထရာအား နေ့ချင်းပင် ထိုင်းတရားရုံးချုပ်က ထောင်ဒဏ်ရှစ်နှစ် ပြစ်ဒဏ်ချခဲ့ကြောင်းသိရသည်။
အကျဉ်းဦးစီးဌာနက အသက် ၇၄ နှစ်အရွယ် ဝန်ကြီးချုပ်ဟောင်းသက်ဆင်မှာ ဘန်ကောက်မြို့ Remand Prison အကျဉ်းထောင်သို့ ပြစ်ဒဏ်ကျခံရန်ရောက်ရှိလာပြီဖြစ်ကြောင်းနှင့် ၎င်းအား အသက်အရွယ်ကြီးမြင့်မှုနှင့် ကျန်းမာရေး မကောင်းမွန်မှုတို့အရ ထောင်တွင်းဆေးရုံသို့ပို့၍ ဆေးကုသပေးမည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။
သက်ဆင် ဒွန်မောင်းလေဆိပ်သို့ ပြန်လည်ရောက်ရှိပြီးနောက် နံနက် ၁၀ နာရီကျော်တွင် တရားရုံးချုပ်သို့ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ပြီး ထိုင်းတရားရုံးချုပ်က သက်ဆင်၏ ပြစ်မှု ပထမနှစ်မှုအတွက် ထောင်ဒဏ်သုံးနှစ်ကို တပေါင်းတည်းကျခံရန်နှင့် တတိယအမှုအတွက် ပြစ်ဒဏ်ငါးနှစ်ကျခံရန် အမိန့်ချခဲ့သည်။
ပထမအမှုဖြစ်သော ထိုင်းအစိုးရက မြန်မာနိုင်ငံသို့ ၂၀၀၄ ခုနှစ်တွင်ချေးငွေ ဘတ်လေးသန်းထုတ်ချေးမှု၌ သက်ဆင်က ၎င်း၏မိသားစုပိုင်ဆိုင်သော Shin Satellite Plc ထံမှ ကုန်ပစ္စည်းများဝယ်ယူရန်အတွက် နိမ့်ကျအတိုးနှုန်းဖြင့် ထုတ်ချေးရန်အမိန့်ပေးခဲ့မှုဖြစ်သည်။
ဒုတိယအမှုမှာ ၂၀၀၃ ခုနှစ် မှ ၂၀၀၆ ခုနှစ်အကြား နှစ်လုံးထီနှင့် သုံးလုံးထီများကို တရားမဝင်ပြုလုပ်ခဲ့၍ ဖြစ်ပြီး ထိုအမှုအတွက် ထောင်ဒဏ် နှစ်နှစ်ချခဲ့သည်။ ထိုနှစ်မှုအတွက် ထောင်ဒဏ်များက နောက်သုံးနှစ်အတွင်း တပေါင်းတည်းကျခံရန်လည်း တရားရုံးချုပ်က အမိန့်ချခဲ့သည်။
တတိယအမှုတွင် ၎င်း၏ဝန်ကြီးချုပ်သက်တမ်းနှစ်ခုအတွင်း သက်ဆင်အနေဖြင့် ဆက်သွယ်ရေးတယ်လီဖုန်းသဘောတူညီချက်နှစ်ခုအတွက် မှားယွင်းစွာပြုမူခဲ့ခြင်းတို့ကြောင့်ဟုသိရကာ ထို့အတွက် ထောင်ဒဏ် ငါးနှစ်ချခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
Ref—-Bangkok Post