၂၂. ၈. ၂၀၂၃
Translated by Htwe Ko Tun
ပြည်ပတွင် ၁၅ နှစ်ကြာ ရှောင်တိမ်းနေခဲ့သော ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝါထရာက သြဂုတ်လ ၂၂ ရက် ထိုင်းစံတော်ချိန် နံနက် ၉ နာရီတွင်ထိုင်းနိုင်ငံသို့ပြန်လာမည်ဖြစ်ကြောင်းပြောကြားထားခဲ့ရာ ဘန်ကောက်မြို့၊ ဒွန်မောင်းလေဆိပ် ပတ်ဝန်းကျင်၌ ၎င်းအားကြိုဆိုမည့် ရှပ်နီထောက်ခံသူများ အလုံးအရင်းနှင့် စုရုံးနေကြသည်ကိုတွေ့ရသည်။
သက်ဆင်က ညီမဖြစ်သူ ဝန်ကြီးချုပ်ဟောင်း ယင်လတ် နှင့်အတူ ဤမနက်တွင် အမိမြေသို့ မလွဲမသွေ ပြန်လာမည်ဟု ပြောကြားထားခဲ့သည်။
ထိုင်းရဲတပ်ဖွဲ့နှင့် အကျဉ်းဦးစီးဌာနတို့ကလည်း အမှုလေးမှုဖြင့် စွဲဆိုခံထားရသော သက်ဆင်အား လေယာဉ်မှအဆင်း၌ပင် ဖမ်းဆီးမည်ဟု ပြောကြားထားခဲ့သည်။
Ref—-Nation Thailand