◾️ ရွှေအိုးစည်ဆိုတာ မင်းလား၊ မင်းက ဒလန်လုပ်ချင်တယ်ပေါ့ လို့ပြောသော PDF များကို ဇနီးဖြစ်သူနဲ့ အသ-တ်ခံရသူတို့က မဟုတ်ပါဘူးလို့ပြောတဲ့အပြင် မသ-တ်ဖို့လက်အုပ်ချီတောင်းပန်တာတောင် ရက်ရက်စက်စက်သ-တ်ဖြတ်သွား
၂၀. ၈. ၂၀၂၃
Written by Min Mahar
ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့တွင် ယနေ့ သြဂုတ်လ ၂၀ ရက် နေ့လည်ပိုင်းက နေအိမ်၌ ဇနီးဖြစ်သူနှင့် အတူရှိနေသည့် အမျိုးသားတစ်ဦးကို PDF ငါးဦးရောက်လာပြီး”ရွှေအိုးစည်ဆိုတာ မင်းလား၊ မင်းက ဒလန်လုပ်ချင်တယ်ပေါ့”ဟုပြောကာ သေနတ်ဖြင့် ငါးချက်ဝိုင်းပစ်သ-တ်သွားကြောင်း ဒေသခံများပြောပြချက်အရ သိရသသည်။
ဖြစ်စဉ်အား MT News သတင်းဌာနက အသ-တ်ခံရသူ၏ဇနီးဖြစ်သူအား ဆက်သွယ်မေးမြန်းခဲ့ရာတွင် ဩဂုတ်လ ၂၀ ရက်နေ့(ယနေ့)နေ့လည် ၁၂ နာရီ ၄၅ မိနစ်ခန့်လောက်က မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့၊ အမှတ်(၁)ရပ်ကွက်(တိုးချဲ့ ၁)ရှိ ၎င်းတို့နေအိမ်၌ အသက် ၄၀ ကျော်ခန့်ရှိသော အမျိုးသားဖြစ်သူ ဦးတင်ဇော်ဝင်း(ခ)ရွှေအိုးစည်နှင့်အတူရှိနေစဉ်အတွင်း PDF ၅ ဦးသည် ဆိုင်ကယ် ၃ စီးဖြင့် သေနတ်အရှည်များကိုင်ဆောင်၍ နေအိမ်အတွင်းသို့ ဝင်ရောက်လာပြီး ခင်ပွန်းဖြစ်သူအား “ရွှေအိုးစည်ဆိုတာ မင်းလား၊ မင်းက ဒလန်လုပ်ချင်တယ်ပေါ့”ဟု ပြောသည့်အခါ လင်မယားနှစ်ဦးမှာ ဒူးထောက်၍လက်အုပ်ချီတောင်းပန်သော် လည်း ၎င်းတို့က တစ်ယောက်တစ်ချက်စီ ငါးချက်ပစ်၍ ရက်ရက်စက်စက်သ-တ်ဖြတ်သွားကာ စဘေကျေးရွာဘက်သို့ ထွက်ခွာသွားကြောင်း မေးမြန်း သိရှိရသည်။
“ဒလန်မလုပ်ပါဘူး၊ ကျှန်တော်တို့လင်မယားနှစ်ယောက်က အေးအေးဆေးဆေးနဲ့ ကြုံရာကျပန်းအလုပ်ကိုလုပ်ပြီး နေထိုင်စားသောက်နေတာပါ၊ ကျွန်တော်တို့ကိုမနာလိုတဲ့သူတွေကချောက်တွန်းတာဖြစ်မယ်လို့” ခင်ပွန်းဖြစ်သူကမသေခင်ပြောဆိုခဲ့သည်ဟု ဖြေကြားခဲ့သည့်အပြင် ၎င်းအနေနှင့်လည်း”ကျွန်မယောကျ်ားကို မသ-တ်ဖို့ ဒူးထောက်ပြီးလက်အုပ်ချီတောင်းပန်တာတောင် သူတို့က ဝိုင်းပြီးသေနတ်နဲ့တစ်ယောက်တစ်ချက်စီပစ်တယ်။ ပထမပစ်တဲ့အချက်က ထပြေးလို့မထိသွားပေမဲ့ နောက် လေးချက်တော့ထိပြီး ရက်ရက်စက်စက်အသ-တ်ခံလိုက်ရတယ်။ နင်လည်းသတိထားလို့ ကျွန်မကိုပါ ကြိမ်းမောင်းသွားတယ်”ဟု အသ-တ်ခံရသောသူရဲ့ဇနီးမှ ယခုလိုဖြေကြားသည်။
ထို့ကဲ့သို့ ပစ်ခတ်သ-တ်ဖြတ်ခဲ့မှုကြောင့် ဦးရွှေအိုးစည်သည် ယာဘက်နံစောင်းကိုကျည်ဖောက်ဝင်သွားသောဒဏ်ရာ ၁ ချက်၊ ဝဲလက်ပြင်ကိုကျည်ဖောက်ဝင်သည့်ဒဏ်ရာ ၁ ချက်၊ ရင်ညွှန့်ကိုလည်းကျည်ဖောက်ဝင်သွားသောဒဏ်ရာ ၁ ချက်နှင့် ယာညှပ်ရိုးကျည် ဖောက်ဝင်သွားသောဒဏ်ရာ ၁ ချက်တို့ အသီးသီးရရှိ၍ နေရာမှာတင်ပွဲချင်းပြီး သေဆုံးသွားသဖြင့် အလောင်းအား ဒေသခံလူမှုကူညီရေးအသင်းကားဖြင့် မြစ်ခြေတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အခင်းဖြစ်ပွားသည့်နေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များရောက်လာပြီး စစ်ဆေးမှုများပြုလုပ်ခဲ့ကာ ဦးရွှေအိုးစည်အား အသက်သေဆုံးသည်အထိ ပစ်ခတ်သ-တ်ဖြတ်သွားသော PDF ၅ ဦးအား ဥပဒေအရ အရေးယူရန် နယ်မြေရဲစခန်း(မြစ်ခြေ)မှ (ပ)၂၁/၂၀၂၃ ၊ ၂၀၁၄ ခုနှစ် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(က)/၅၄ ဖြင့် အမှုရေးဖွင့်ဆောင်ရွက် ထားရှိကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။