၁၆. ၈. ၂၀၂၃
Written By Thandar
Black Coffee တေးသီချင်းနဲ့ ပရိသတ်အားပေးမှုရရှိထားခဲ့တဲ့ တေးသံရှင် သီရိဂျေမောင်မောင်က အောင်မြင်မှုတွေလည်း သီရိ က မမက်မောဘူး။ အဓိက ငွေကြေးချမ်းသာတာတွေလည်း သိပ်မလိုအပ်ဘူးလို့ ဆိုပါတယ်။
“ခုခေတ်က CD ခေတ်လည်းမဟုတ်တော့ သီချင်းတွေကို FM Bagan ကနေ သူငယ်ချင်းတွေ နားထောင်နိုင်အောင် လုပ်နေတာပါ။ ခုချိန်မှာ သီချင်းတွေအနေနဲ့ လုပ်ရတာ Milky Money မဖြစ်ပေမယ့် ခုချိန်မှာ ဝါသနာပါလို့ သီချင်းသစ်တွေ ဆက်လုပ်ဖြစ်နေပါတယ်။ ” ဟု သူမက ဆက်ပြောခဲ့ပါတယ်။
သူမကတော့ သာမန် Life လေးကို သဘောကျတဲ့အတွက် အနုပညာအလုပ်တွေမလုပ်ဖြစ်ဘဲ ဘဏ်ဝန်ထမ်းဘဝနဲ့နေထိုင်လာတာ ၁၀ နှစ်ကျော်ပြီလို့ သိရပါတယ်။ တေးသီချင်းတွေကိုတော့ တစ်ခါတလေ ဝါသနာအရသာ သီဆိုဖြစ်ပြီး Official Online ကတဆင့် သီချင်းသစ်တွေ တင်ပေးနေလျက်ရှိတယ်လို့ ဆိုပါတယ်။ တချို့ ပရိသတ်တွေက သီရိဂျေမောင်မောင်ဆိုတာကို မှတ်တောင် မမှတ်မိကြတာတွေ ရှိသလို Black Coffee သီချင်းနဲ့အတူ ကြာကြာ မှတ်မိနေကြသူတွေလည်း ရှိတယ်လို့ ဆိုပါတယ် ။
“တကယ်တော့ အဖေ့ကိုသိလို့ သီရိကိုသိကြတာ။ အဖေ့ကျော်ကြားမှုကြောင့်ပါ။ သီရိနာမည်နောက်မှာ အဖေ့နာမည်ကပါပြီးသားဆိုတော့ သီရိကိုအလိုလိုနေရင်း သိသွားကြတာပါ။ အစထဲက ကျော်ကြားမှုတွေ အရမ်းမက်တဲ့သူမဟုတ်တော့ ပရိသတ်ကလက်ခံပေးတာကိုပဲ ဝမ်းသာပါတယ်။ အဆိုတော် Life နဲ့ ဝန်ထမ်း Life အများကြီးကွာခြားတာပေါ့။ အဆိုတော်ဆိုရင် အောင်မြင်မှုတွေ ကျော်ကြားမှုတွေ ပါလာမယ်။ ဝန်ထမ်းကတော့ သာမန်ဘဝပေါ့။ သီရိက သာမန်ဘဝကို ပိုကြိုက်တယ်။ အောင်မြင်မှုတွေလည်း သီရိက မမက်မောဘူး။ အဓိက ငွေကြေးချမ်းသာတာတွေလည်း သိပ်မလိုအပ်ဘူး။ သေရင်လည်း ထားခဲ့ရမှာပဲ။ အဓိက ကိုယ့်ဘာသာစားဖို့ သောက်ဖို့ရှိနေတာနဲ့ အေးအေးချမ်းချမ်းနေရရင်ကို ဘဝက အေးချမ်းပါတယ်” လို့ သူမကဆိုပါတယ်။