၁၅.၈.၂၀၂၃
Written By Thandar
အလှမယ်လောကမှတဆင့် သရုပ်ဆောင်ပိုင်းကို ခြေလှမ်းစလာတဲ့ အိအိအောင်ထွန်းက “မေတ္တာအမွေ ပုဂံမြေ” ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်ပြီး မြန်မာနိုင်ငံရဲ့ အသည်းနှလုံးလို့ ပြောလို့ရမယ့် ပုဂံမြေအကြောင်း ရုပ်ရှင်ကားရိုက်ရမှာ အရမ်းရင်ခုန်နေတယ်လို့ ဖွင့်ဟလာပါတယ်။
“ညီမရဲ့ ပထမဦးဆုံး ရုပ်ရှင်ဇာတ်ကားရိုက်ရတာ ဝမ်းသာတယ်။ မြန်မာနိုင်ငံရဲ့ အသည်းနှလုံးလို့ ပြောလို့ရမယ့် ပုဂံမြေ ရုပ်ရှင်ကားရိုက်ရမှာ အရမ်းရင်ခုန်နေတယ်။ ပုဂံမြေကို တခါမှမရောက်ဖူးဘူး ပထမဦးဆုံး သွားရမှာဖြစ်တယ်။ ညီမကို ပထမဆုံး ရုပ်ရှင်ရိုက်ကူးဖို့ အခွင့်အရေးပေးလို့လည်း အရမ်းကျေးဇူးတင်ပါတယ်။ ဇာတ်ညွှန်းကို ဖတ်ကြည့်ချိန်မှာ ကြက် သီးထတဲ့အထိ ဖြစ်မိတယ်။ အရင်ထဲက သွားချင်ပေမယ့် ပုဂံပုံလေးတွေပဲ ကြည့်ထားဖြစ်တာ။ ထိုင်းမှာရှိတုန်းက ဆိုရင်ပြောဖြစ်တယ်၊ ပုဂံမြေ တော်တော်လှတယ်လို့လေ။ ပုဂံရဲ့ ညနေစောင်းအလှကို သဘောကျတယ်။ နောက်ပုဂံမှာ မီးပုံးပျံစီး ချင်တယ်”လို့ အလှမယ် အိအိအောင်ထွန်းက ပြောပါတယ်။
BMB entertainment ကစီစဉ်ပြီး Triple six Production က ထုတ်လုပ်ဖြန့်ချိမယ့် “မေတ္တာအမွေ ပုဂံမြေ” ရုပ်ရှင်ဇာတ် ကားကြီးမှာ သရုပ်ဆောင်တွေဖြစ်တဲ့ ကျော်ထက်အောင်၊ အိအိအောင်ထွန်း၊ ဧကရီစုစံ၊ မေသန်းနုနဲ့ အခြားသရုပ်ဆောင်များစွာနဲ့ ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။ အိအိအောင်ထွန်းက သာမန် ကရင်တိုင်းရင်းသူလေးအဆင့်က နိုင်ငံတကာအလှမယ်တွေနဲ့ Miss Grand Myanmar 2022 ပြိုင်ပွဲမှာ ယှဉ်ပြိုင်ကာ အလှမယ်ပြိုင်ပွဲမှတစ်ဆင့် ပရိသတ်အားပေးမှုတွေ ရရှိခဲ့တာလည်း ဖြစ်ပါတယ်။
“အစ်မတော် ဖီဆောင်ထံမှာ သွားဆုတောင်းဖူးတာပေါ့။ အလှမယ်နဲ့ အနုပညာလမ်းကြောင်းမှာ အောင်မြင်ပါစေလို့ ပြိုင်ပွဲတုန်းက ဆုတောင်းဖူးတယ်။ မြန်မာပြည်မှာ အလုပ်ကြီးတစ်ခု ရပါစေလို့လေ။ ထိုင်းမှာ နတ်ကိုးကွယ်တာများတယ်။ မြန်မာမှာ ဘုရားကိုးကွယ်တာများတယ်။ ညီမသဘောကျတယ်။ သာဓုလည်း ခေါ်ပါတယ်နော်” လို့ သူမက ဆက်ပြောပါတယ်။