၁၄. ၈. ၂၀၂၃
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု၊ ပစိဖိတ်သမုဒ္ဒရာမြောက်ပိုင်းရှိ ဟာဝိုင်အီ ကျွန်းစုတွင် ပါဝင်သော Maui ကျွန်း၌ ဩဂုတ်လ ၈ ရက် နံနက်အစောပိုင်းနာရီများတွင် ကျွန်းအနောက်ပိုင်း Lahaina မြို့အနီးတွင် စတင်လောင်ကျွမ်းခဲ့သော တောမီးကြောင့် ဩဂုတ်လ ၁၃ ရက်၊ ဒေသစံတော်ချိန် ည ၉း၀၀ နာရီ အထိ သေဆုံးရသူစုစုပေါင်း ၉၆ ဦးအထိ ရှိလာပြီဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့ကာ သတိပေးချက်များ တိုးမြှင့်ထုတ်ပြန်ခဲ့ကြောင်းလည်း သိရသည်။
အမေရိကန်ပြည်ထောင်စု၌ နှစ်တစ်ရာအတွင်း အဆိုးဆုံးသော တောမီးလောင်ကျွမ်းမှုဖြစ်ကြောင်းနှင့် Lahaina မြို့မှာလည်း တောမီးကြောင့် လုံးဝနီးပါးပျက်စီးခဲ့ရကြောင်း တာဝန်ရှိသူများက ဆိုသည်။ ထို့ပြင် တောမီးလောင်ကျွမ်းမှုအတွင်း ပျောက်ဆုံးနေသူများလည်းရှိသေးရာ သေဆုံးသူဦးရေက ထပ်မံမြင့်တက်လာနိုင်ကြောင်း ခန့်မှန်းရသည်။
ဟာဝိုင်အီပြည်နယ်အုပ်ချုပ်ရေးမှူးက “လေတိုက်နှုန်းက ညတစ်နာရီ ၈၁ မိုင်နှုန်းလောက်အထိရှိတော့ မီးကူးစက်မူက အရမ်းကိုမြန်ဆန်တယ်။ ပြောရရင် တောမီးက တစ်မိနစ်ကို တစ်မိုင်နှုန်းလောက်နဲ့ Maui ကျွန်းမှာလောင်ကျွမ်းခဲ့တာပဲ” ဟုပြောခဲ့သည်။
Ref—— CNN