၁၄. ၈. ၂၀၂၃
Written by Min Mahar
USDP ပါတီ၏ ရပ်ကျေးစည်းရုံးရေးမှူးတစ်ဦးအား PDF များက “မင်းတို့ပါတီက လူတွေကို အကုန် သ-တ်ပြမယ်”ဟုဆိုကာ သေနတ်ဖြင့် ဦးခေါင်းကို ပစ်ခတ်သ-တ်ဖြတ်သွားမှု တောင်ငူမြို့နယ်တွင် ဩဂုတ် လ ၁၃ ရက်၊ ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (ဩဂုတ်လ ၁၃ ရက်နေ့)ညနေ ၄ နာရီကျော်လောက်က ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ကျေးအင်းထုံးဖိုကျေးရွာတွင် နေထိုင်သည့် အသက် ၄၇ နှစ်အရွယ်ခန့်ရှိသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ၏ ရပ်/ကျေး စည်းရုံးရေးမှူး ကိုခင်မောင်ဦးသည် နေအိမ်၌ ထိုင်နေစဉ်အတွင်း PDF အဖွဲ့မှ လူငယ် ၁၀ ဦးခန့်ရောက်လာကာ “မင်းတို့ပါတီကလူတွေကို အကုန်သ-တ်ပြမယ်”ဟုဆိုကာ သေနတ်ဖြင့် ဦးခေါင်းကို ပစ်ခတ်သ-တ်ဖြတ်သွားခဲ့ကြောင်း အခင်းဖြစ်ပွားရာ အနီးရှိနေသော ဒေသခံမျက်မြင်တစ်ဦး၏ ပြောပြချက်အရ သိရသည်။
အဆိုပါပစ်ခတ်ခဲ့မှုကြောင့် ကိုခင်မောင်ဦးမှာ ဦးခေါင်းကို ကျည်ပေါက်ထွက်သွားသည့်ဒဏ်ရာဖြင့် အခင်းဖြစ်ပွားသောနေရာ၌ပင် သေဆုံးသွားခဲ့သည်။ ထိုကဲ့သို့ သေနတ်ဖြင့် ပစ်သ-တ်သွားသည့် PDF များအား ပြန်လည်ဖမ်းဆီးနိုင်ရေးအတွက် နယ်မြေခံ လုံခြုံရေးတပ်ဖွဲဝင်များကလည်း လိုက်လံစုံစမ်းကာ ပိတ်ဆို့စစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။