၁၃. ၈. ၂၀၂၃
Written by Min Mahar
မတ္တရာမြို့နယ်ရှိ ရွှေတံတားလူမှုကူညီရေးအသင်းဥက္ကဋ္ဌကို PDF လေးဦးက သေနတ်ဖြင့် ပစ်ခတ်သ-တ်ဖြတ်သွားမှု ဩဂုတ်လ ၁၂ ရက်၊ နံနက်ပိုင်းကဖြစ်ပွားခဲ့ကြောင်း ဒေသခံပရဟိတအသင်းများမှ သိရသည်။
ဖြစ်စဉ်မှာ ဩဂုတ်လ ၁၂ ရက်၊ နံနက် ၇ နာရီခန့်က မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ လမိုင်းကျေးရွာအုပ်စု၊ ကျောက်တံတားကျေးရွာ၌ အသက် ၆၆ နှစ်အရွယ်ခန့်ရှီသော ရွှေတံတားလူမှုကူညီရေးအသင်းဥက္ကဋ္ဌသည် အသင်းရုံးရှေ့တွင် တစ်ဦးတည်းထိုင်နေစဉ် ဆိုင်ကယ်နှစ်စီးဖြင့် အမည်မသိ အမျိုးသားလူငယ်လေးဦး ရောက်ရှိလာကာ ၎င်းအားသေနတ်ဖြင့် ခြောက်ချက်ပစ်ခတ်၍ ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
” ရွှေတံတားလူမှုကူညီရေးအသင်းဥက္ကဋ္ဌကို ဘာလို့သ-တ်တာလည်းဆိုတာတော့မသိဘူး။ တကယ့်စေတနာကောင်းတဲ့သူပါ။ ရပ်ရွာအတွက်အကျိုးပြုနေတဲ့ ပရဟိတသမားတစ်ယောက်အသ-တ်ခံရတော့ ကိုယ့်ရပ်ရွာအတွက် အရမ်းနစ်နာဆုံးရှုံးရတာပေါ့” ဟု ဒေသခံပရဟိတသမားတစ်ဦးက ပြောသည်။
အဆိုပါပစ်ခတ်မှုကြောင့် ရွှေတံတားလူမှုကူညီရေးအသင်းဥက္ကဋ္ဌမှာ မျက်နှာကိုကျည်ဖောက်ထွက်သွားသည့်ဒဏ်ရာ တစ်ချက်၊ နဖူးကျည်ဖောက်ထွက်သွားသည့် ဒဏ်ရာ တစ်ချက်၊ နောက်စေ့မှ နှာခေါင်းရိုးအလယ်တည့်တည့်ကို ကျည်ဖောက်ထွက်သွားသော ဒဏ်ရာ နှစ်ချက်၊ ဝဲဘက်လည်ပင်းမှ ယာဘက်ပုခုံးကို ကျည်ဖောက်ထွက်သွားသည့်ဒဏ်ရာ တစ်ချက်နှင့် ယာဘက်လည်ပင်းမှ ဝဲဘက်ဂျိုင်းအောက်ကိုလည်း ကျည်ဖောက်ထွက်သွားသောဒဏ်ရာ တစ် ချက်တို့ရရှိခဲ့ပြီး နေရာ၌ပင် သေဆုံးခဲ့ကြောင်း သိရသည်။