၁၃. ၈. ၂၀၂၃
Written By Thandar
ပရိသတ်ရှေ့က ၃ နှစ်ကျော်လောက် ပျောက်နေတဲ့ မင်းသမီး ရွှေအိမ်စည်ကတော့ ချစ်သူကို နိုင်ငံခြားသားမှမဟုတ်ဘဲ အဓိကက အညိုစင်တောင့်တောင့်ဖြောင်ဖြောင့်လေးဖြစ်ရင်ရပြီ၊ မြန်မာဆို ပိုကြိုက်တယ်လို့ ဖွင့်ဟလာပါတယ်။
“အမြဲတမ်း Smart ကျအောင်နေတယ်။ကိုယ်ဟာနဲ့ ကိုယ့်မလျော့သွားအောင်လေ အမြဲနေတယ်။ Gym တွေဘာတွေမသွားဖြစ်ရင်တောင် Home Training အကောင်းဆုံးဖြစ်အောင်လုပ်တယ်။ ဘယ်လောက်ပဲ Mentally Down နေပါစေ၊ ဘယ်လောက်ပဲ ဖြစ်နေနေ အကောင်းဆုံးဘဝမှာ နေထိုင်ဖြစ်တယ်။ ကိုယ်ခုချိန်မှာ အသက်နည်းနည်းကြီးလာလို့ ထင်တယ်။ ကိုယ့်ဟာကိုယ် ရင့်ကျက်လာတယ်လို့ ပြောချင်တယ်၊
“ပထမတော့ ပြန်မလာတော့ဘူး၊ မိသားစုက ဘန်ကောက်ခဏပြန်လာတာနဲ့ ဘန်ကောက်ကနေ မြန်မာပြည် ခဏပြန်လာတာပေါ့။ အကြာကြီးပျောက်သွားတော့လည်း အမှန်အတိုင်းပြောရရင် မြန်မာပြည်ကို လွမ်းတယ်။ သတိရလို့ ပြန်လာတာ။ ဒီမှာ နေလိုက် ခရီးတွေထွက်လိုက်နဲ့ ဘဝကို တသမတ်ထဲ မထားဘဲ လွတ်လပ်တဲ့ ဘဝကိုဖြတ်သန်းမယ်လို့ စီစဉ်ထားပါတယ်”လို့ မော်ဒယ်လ် သရုပ်ဆောင် ရွှေအိမ်စည်က ပြောပါတယ်။
သူမက ပထမတော့ အင်္ဂလန်မှာပဲ အပြီးနေတော့မယ်လို့ ဆုံးဖြတ်ထားပေမယ့် ဘန်ကောက် ခဏလာရင်းမြန်မာနိုင်ငံကို လွမ်းလို့ ပြန်လာဖြစ်တယ်လို့ ဆိုပါတယ်။ ရွှေအိမ်စည်ကတော့ မကြာခင်မှာ သီချင်း တစ်ပုဒ် ထွက်ရှိဖို့အတွက်လည်း ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။ အနုပညာနဲ့ပတ်သက်ပြီး ပရိသတ်တွေ မကြာခင်မှာ မြင်တွေ့ရဖို့တွေလည်း ရှိတယ်လို့ဆိုပါတယ်။
“အိမ်စည်က ဘယ်နိုင်ငံမှာဖြစ်ဖြစ် အတည်တကျ Relationship က ထားလို့ မရဘူးဖြစ်နေတယ်။ ကိုယ့်အခြေအနေအရ လူတစ်ယောက်ကို မလှည့်စားဘူး အချိန်တန်ရင် ပြန်မှာမို့လေ။ သူတို့လည်း အချိန် တန်ရင် ပြန်မယ့်သူမို့ ကြိုပြင်ဆင်ထားကြပါတယ်။ အိမ်စည်က ချစ်သူတစ်ယောက်နဲ့ ပြတ်သွားရင် နောက်တစ် ယောက်ပေါ်လာတာကလည်း သူ့ဘာသူဖြစ်သွားတာပါ။ Stand by ထားထားတာတော့ မဟုတ်ပါဘူး။ အိမ်စည်က တွဲရင်တစ်ယောက်ပဲတွဲတယ် နိုင်ငံခြားသားမှ ကြိုက်မယ်ဆိုပြီး စဉ်းစားထားတာမျိုးတော့မရှိဘူး။ အဓိကက အညိုစင်တောင့်တောင့်ဖြောင်ဖြောင့်လေးဖြစ်ရင်ရပြီ မြန်မာဆို ပိုကြိုက်တယ် ”လို့ သူမကဆက်ပြောပါတယ်။