MT News
Written by Naing Thuta
အသက် ၁၉ နှစ်အရွယ် အမျိုးသားငယ်တစ်ဦးသည် ရေချိုးကစားရင်း နစ်မြုပ်ပြီးပျောက်ဆုံးနေမှု ပုသိမ်ကြီးမြို့နယ်တွင် ယနေ့ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေးတိုင်းကော်မတီရုံး)မှ တာဝန်ရှိသူတစ်ဦးပြောပြချက်အရ သိရသည်။
ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ နှမ်းကြဲကျေးရွာအနီးရှိ ချောင်းဝဲချောင်းအတွင်းသို့ ဩဂုတ်လ ၄ ရက်နေ့ မွန်းလွဲပိုင်းက အသက် ၁၉ နှစ်အရွယ် အမျိုးသားငယ်တစ်ဦး ရေချိုးကစားရင်းမှ နစ်မြုပ်သွားပြီး ပျောက်ဆုံးနေသည်ဟု မိသားစုဝင်များမှ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေးတိုင်းရုံး)သို့ လာရောက်အကူ အညီတောင်းသဖြင့် တိုင်းရုံးမှ ရေငုပ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့၊ မြန်မာနိုင်ငံလူမူကယ်ဆယ်ရေးအဖွဲ့ (ချမ်းအေးသာစံမြို့နယ်ရုံး)၊ ရွှေမန္တလေး လူမူကယ်ဆယ်ရေးအဖွဲ့၊ ထာဝရ လူမူကယ်ဆယ်ရေးအဖွဲ့တို့နှင့်အတူ ပူးပေါင်းကာကူညီရှာဖွေပေးခဲ့သော်လည်းပျောက်ဆုံးနေသည့်ရုပ်အလောင်းအား ရှာဖွေတွေ့ရှိခြင်း မရှိသေးကြောင်း သိရသည်။