MT News
Written by Min Mahar
မူဆယ်မြို့ စက်မှုဇုန်ရှိ ကားဝပ်ရှော့တစ်ခုတွင် လာပြင်သည့်ကား၏နောက်ခန်းထဲမှ ဗုံးတစ်လုံးပေါက်ကွဲမှုကြောင့် လူ ၁ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိမှု ယမန်နေ့ ညနေပိုင်းကဖြစ်ပွားခဲ့ကြောင်း မူဆယ်မြို့အခြေစိုက် ပရဟိတအသင်းအဖွဲ့ထံမှ သိရသည်။
ဖြစ်စဉ်မှာ ဩဂုတ် ၄ ရက် ညနေ ၄ နာရီကျော်က ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ စက်မှုဇုန်ရှိဦး…… ပိုင်ဆိုင်သည့် ကားဝပ်ရှော့သို့ ဖိုးဝှီးကားတစ်စီး လာပြင်ရာ ၎င်းကား၏အနောက်ခန်းအတွင်းမှ ဗုံးတစ်လုံးပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် ၎င်းကား၏ ယာဥ်မောင်းဖြစ်သူ သေဆုံးသွားခဲ့သည့်အပြင် ပေါက်ကွဲမှု အနီးအနားဝန်းကျင်၌နထိုင်ကြသည့် လူ ၅ ဦးမှာလည်း ဗုံးစများထိမှန်ကာ ဒဏ်ရာများ ရရှိခဲ့သဖြင့် ဒေသခံပရဟိတအသင်းယာဉ်ဖြင့် မူဆယ်မြို့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါဝပ်ရှော့ဆိုင်အတွင်းရှိ ကား၊ ဆိုင်ကယ်များနှင့် မှန်အချို့လည်း ပျက်စီးသွားခဲ့ကြောင်းနှင့် သက်ဆိုင်ရာနယ်မြေလုံခြုံရေးတပ်ဖွဲ့ဝင်များကလည်း ပေါက်ကွဲမှုဖြစ်ပွားအောင်ပြုလုပ်သူများအား စုံစမ်းရှာဖွေနေကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။