၂. ၈. ၂၀၂၃
Written By Thandar
မြန်မာသံတေးသံရှင် ပိုင်သက်ကျော်ဟာ ဒုတိယ ဝါဆိုလပြည့်နေ့ဖြစ်တဲ့ သြဂုတ် ၁ရက် ညနေပိုင်းမှာ အင်းစိန်ထောင်က လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာပြီဖြစ်ပါတယ်။
“ကိုပိုင်သက်ကျော် ပြန်လွတ်တာ ဟုတ်ပါတယ်။ မိသားစုဝင် တစ်ခုကလည်း အကျဉ်းထောင်ရှေ့မှာ လာစောင့်နေတယ်လို့ သိခဲ့ရပါတယ်။ ခုလိုပြန်လွတ်လာတာကို မိသားစုနဲ့အတူ ဝမ်းသာမိပါတယ် ချစ်ရတဲ့ ပရိသတ်တွေလည်း ပျော်နေမယ်လို့ ထင်ပါတယ်”လို့ တေးသံရှင် ဇေယျာနိုင်က ပြောပါတယ်။
မြန်မာသံ တေးသံရှင် ပိုင်သက်ကျော်က ၂၀၂၂ ခုနှစ် မတ်လထဲက သူရဲ့နေအိမ်မှာ CDM ဝန်ထမ်းတွေကို ထောက်ပံ့ပေးနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံခဲ့ရတာလည်း ဖြစ်ပါတယ်။ အဲဒီနောက် ၃ လကြာအပြီးမှာ ၅၀ ည ပုဒ်မနဲ့ ထောင် ၃ နှစ်ချမှတ်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။ အဆိုပါ ဝါဆိုလပြည့်နေ့က တစ်နိုင်ငံလုံးရှိ အကျဉ်းသား/အကျဉ်းသူတွေ ၈၀၀၀ နီးပါး လွတ်ငြိမ်းသက်သာခွင့်ရခဲ့တယ်လို့ သိရပါတယ်။