၂. ၈. ၂၀၂၃
Written by Nay Moe
ပခုက္ကူခရိုင်တပ်ရင်း(၈)က ဘီယာဆိုင်ထိုင်နေသော လခရ ၂ ဦးကို ပစ်ခတ်၍ နှစ်ဦးစလုံးသေဆုံးကာ သေနတ် ၂ လက်နှင့် ကျည် ၁၇ တောင့် သိမ်းဆည်းခဲ့သည်ဟု NUG က ယခုထုတ်ပြန်လိုက်သည်။
ထိုဖြစ်စဥ်မှာ ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၈ ရက် နေ့လယ် ၂ နာရီ ၂ မိနစ်တွင် မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေ-ကမ္မလမ်း၊ ဆုံစည်းရာ ဘီယာဆိုင်တွင် ဘီယာဆိုင်ထိုင်နေသော လခရတပ်သား(၂) ဦးအား ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၈)က ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ပစ်ခတ်စဉ် ဆိုင်ကယ်စီးပြီး ဆုတ်ပြေးသဖြင့် အနောက်မှ လိုက်လံပစ်ခတ်ခဲ့ရာ မြစ်ခြေ-ကမ္မလမ်းဘေးရှိ ရေမြောင်းထဲတွင် ကျည်ထိမှန်ဒဏ်ရာနှင့်လဲကျနေသော လခရတပ်သား ၁ ဦးက လက်နက်ချအညံ့မခံသဖြင့် အသေပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု NUG ၏ MOD စစ်ရုံးချုပ်ကပြောသည်။
ထို ပစ်ခတ်မှုဖြစ်စဉ်အတွင်း လခရတပ်သား(၂) ဦး သေဆုံးကာ MA-1 (၂)လက်နှင့် 5.56 ကျည် (၁၇) တောင့် သိမ်းဆည်းရရှိခဲ့ကြောင်း NUG ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
NUG ဩဇာခံ PDF များက လခရများနှင့် ဆက်စပ်သူ ၃၀၀၀၀ ကျော် သတ်ဖြတ်ထားသည်ဟု ယာယီသမ္မတ ဒူဝါလရှီးက ပြောဆိုထားပြီး ထိုအထဲတွင် သံဃာများ၊ ဆရာဆရာမများ၊ ကျောင်းသားများ၊ ကလေးငယ်များ၊ ရပ်ကျေးများ၊ NLD ပါတီဝင်မဟုတ်သူများနှင့် NLD, NUG တို့ကို မထောက်ခံသည့် လက်နက်မဲ့ပြည်သူ ၆၁၀၀ အထက် ပါဝင်သတ်ဖြတ်ခံထားရသည်။