MT News
Written by Hey Mar
နေပြည်တော် ဇေယျာသီရိမြို့နယ် ရွှေပေးကျေးရွာမှာဇူလိုင်လ ၂၂ ရက် ည ၁၀ နာရီအချိန်ခန့်က ဓားခုတ်မှုဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ နေပြည်တော်အခြေစိုက် ကရုဏာရှင် လူမှုကူညီရေးအသင်းကနေ သိရပါတယ်။
ဖြစ်စဥ်မှာ သေဆုံးသူက ရန်ငြိုးရန်စမရှိဘဲ တစ်ရွာတည်းနေထိုင်သူရဲ့အိမ်ကိုသွားကာ ဓားနဲ့စတင်ရန်ရှာခဲ့ပြီး တစ်ဖက်က ဓားကို လုကာ သူ့ဓားနဲ့ သူ့ကို ပြန်လည်ခုတ်ပိုင်းခဲ့တဲ့အတွက် ကုတ်ပိုးပြတ်ရှဒဏ်ရာနဲ့ နေရာတင်သေဆုံးခဲ့တာလို့ သိရပါတယ်။ ပြန်လည်ခုခံခဲ့သူကတော့ ယာဘက်ပါးမှာ မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီး သက်ဆိုင်တာဝန်ရှိသူတွေဆီမှာ အသာတကြည် စစ်ဆေးအရေးယူမှုကို ခံယူခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူရဲ့ ရုပ်အလောင်းနဲ့ ပြန်လည်ခုခံရင်းပြစ်မှုကျူးလွန်မိကာ ဒဏ်ရာရရှိသူ နှစ်ဦးစလုံးကို ကရုဏာရှင်လူမှုကူညီရေးပရဟိတအသင်းက ပြည်သူ့ဆေးရုံကြီးကုတင် (၁၀၀၀)သို့ ပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။