၂၂. ၇. ၂၀၂၃
Written by Nay Moe
မီးသွေးတင်လာသော ကားတစ်စီးကို မီးရှို့ဖျက်စီးလိုက်ပြီး ဒရိုင်ဘာနှင့် စပါယ်ယာကို သ-တ်ဖြတ်လိုက်ကြောင်း NUG ဩဇာခံ PDF အဖွဲ့ဖြစ်သော သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ က ပြောသည်။
ပဲခူးတိုင်း၊ မင်းလှမြို့နယ် စိန်ကန့်လန့်−မြို့ချောင်း ရိုးမဖြတ်ကျော်လမ်း ပဲခူးရိုးမအတွင်းမှ မီးသွေးများတင်လာသည့် ဖောကားတစီးအားဇူလိုင် ၁၉ ရက် ညနေ ၅ နာရီ ၂၀ ခန့်တွင် သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ တပ်ခွဲ၅ မှ မီးရှို့ဖျက်ဆီးကာ ကားပေါ်ပါ ဒရိုင်ဘာနှင့် စပါယ်ယာ ၂ ဦးကို သ-တ်ဖြတ်လိုက်ခြင်းဖြစ်သည်။
သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ သ-တ်ဖြတ်ခံရသူ ၂ ဦးမှာ ဦးချစ်မွှေးနှင့် ဦးကောင်းစံတို့ဖြစ်ပြီး ၎င်းတို့သည် ခလရ(၁)တပ်မှ တပ်ကြပ်ကြီး ခင်မောင်ကြည်၏ လက်ရင်းတပည့်များဖြစ်ကာ လခရများအား ရိုးမပေါ် သွားလာရေးအတွတ် ကားဖြင့် အကြိုအပို့လုပ်ဆောင်ပေးနေသလို ရိုးမအတွင်းမှ PDF စခန်းနေရာ ရှာဖွေရာတွင် အားကြိုးမာန်တက် လိုက်ပါပြသသူများဖြစ်သည့်အတွတ် စစ်ကောင်စီ ထောက်တိုင်အဖြစ် သတ်မှတ်ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟုလည်း သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ၏ စွပ်စွဲချက်တွင် ဖော်ပြထားသည်။
NUG ဩဇာခံ PDF များ၏ စွပ်စွဲသ-တ်ဖြတ်မှုများကြောင့် သံဃာများ၊ နိုင်ငံဝန်ထမ်းများ၊ ရပ်ကျေးများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ NLD ပါတီဝင်မဟုတ်သော အခြားပါတီဝင်များ ၆၁၀၀ အထက် သ-တ်ဖြတ်ခံထားရသည်။