၁၉. ၇. ၂၀၂၃
Written by Nay Aung
ဗြိတိန်ပြတိုက်တွင် ရှေးဟောင်းပစ္စည်းများနှင့်ပတ်သက်သော ပြပွဲတစ်ခု ပြသသွားမည်ဖြစ်ရာ မြန်မာဘုရင်က ဗြိတိန်ဘုရင်ထံ ပေးပို့ခဲ့သော ရွှေပေလွှာကို ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း ဗြိတိန်မီဒီယာက Standard က ဖော်ပြလိုက်သည်။
ဗြိတိန်ပြတိုက်တွင် ကုန်းဘောင်ခေတ်ကို စတင်တည် ထောင်သောဘုရင်ဖြစ်သည့် အလောင်းဘုရားဘုရင်က ၁၇၅၆ ခုနှစ်တွင် ဗြိတိန်နိုင်ငံ ဂျော့ချ် George II ဘုရင့်ထံ ပေးပို့ခဲ့သော ရွှေပေလွှာကိုပြသွားမည်ဖြစ်ပြီး အဆိုပါပေလွှာကို ရွှေသားအစစ်ဖြင့် ပြုလုပ်ထားကာ ပတ္တမြားအလုံးရေ ၂ ဒါဇင် နီးပါး တပ်ဆင်ထားကြောင်း သိရသည်။
အဆိုပါဗြိတိန်ပြတိုက်တွင် အရှေ့တောင်အာရှရေးရာ ပြတိုက်တာဝန်ခံ ဒေါက်တာအလက်ဇန်ဒါးဂရင်းက အဆိုပါပေလွှာသည် မြန်မာဘုရင်ခေတ် အမြင့်ဆုံး အချိန်တွင်ပေးပို့ခဲ့သော အံအားသင့်ဖွယ်ကောင်းသည့်ပေလွှာဖြစ်ကြောင်း ပြောသည်။
၎င်းက ” အဲဒီအချိန်တုန်းက ဗြိတိန်ဘုရင်ဟာ မြန်မာဘုရင်ပေးပို့တဲ့ ရွှေပေလွှာကို မသိကျိုးကျွံပြုခဲ့တယ်။ ပြန်လည်တုံ့ပြန်တာမျိုးမရှိဘူး။ မြန်မာဘုရင်တွေဟာ ဗြိတိန်နိုင်ငံအပြင် တရုတ်နိုင်ငံကိုလည်း ရွှေပေလွှာများပေးပို့ခဲ့ဖူးတယ်။ ဒါပေမယ့် တရုတ်နိုင်ငံမှာ မြန်မာဘုရင်တွေ ပေးပို့ခဲ့ဖူးတဲ့ ရွှေပေလွှာတွေ ကျန်ရှိတာမျိုးမရှိဘူး။ ကျွန်မ သိရသလောက်ဆိုရင် ဗြိတိန်ပြတိုက်မှာ ခင်းကျင်းပြသမယ့် ရွှေပေလွှာဟာ မြန်မာဘုရင်တွေ ပေးပို့ခဲ့ဖူးတဲ့ ရွှေပေလွှာတွေထဲက နောက်ဆုံးလက်ကျန်ရွှေပေလွှာတစ်ခုပဲဖြစ်တယ်။ လူတွေဟာ မြန်မာနိုင်ငံက အလွန်ချမ်းသာတဲ့ နိုင်ငံဖြစ်တယ်ဆိုတာကို ကောင်းကောင်းမသိကြဘူး။ မြန်မာနိုင်ငံမှာ ရွှေ၊ ပတ္တမြား၊ ကျောက်စိမ်းတွေ ထွက်ရှိတယ်” ဟု ပြောသည်။
အလောင်းဘုရားဘုရင်က ဗြိတိန်ထံပေးပို့သော ရွှေပေလွှာပါဝင်မည့် ဗြိတိန်ပြတိုက်အတွင်း ပြုလုပ်မည့်ပြပွဲကို နိုဝင်ဘာ ၂ ရက်နေ့မှ လာမည့်နှစ်ဖေဖော်ဝါရီ ၁၁ ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ မြန်မာ့နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် မြန်မာနိုင်ငံပိုင်ပြတိုက်အတွင်းမှ ပစ္စည်းများကို ငှားရမ်းပြီး ခင်းကျင်းပြသနိုင်မည်မဟုတ်ဘဲ ဗြိတိန်နိုင်ငံလက်ထဲတွင်ရှိသော မြန်မာနှင့်ပတ်သက်သောပစ္စည်းများကိုသာ ပြသနိုင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပြပွဲကို ပရဟတိသမားများဖြစ်သော Zemen Paulos နှင့် ဂျက်ရိုင်ယမ်တို့က စပွန်ဆာပေးပြီး ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဗြိတိန်နိုင်ငံထံမှ မြန်မာနိုင်ငံလွတ်လပ်ရေး ရယူနိုင်ခဲ့သော ၇၅ နှစ်ပြည့်မြောက်ခြင်းကို ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
Ref- standard