MT News
Written by Nay Moe
အဆိုတော် လီလီနိုင်ကျော်အား လုပ်ကြံခဲ့သူ တရားခံ ၂ ဦးက သက်သေခံပစ္စည်းလိုက်ပြမည်ထွက်ဆိုသဖြင့် လိုက်ပြခိုင်းစဉ် ထွက်ပြေး၍ ပစ်ခတ် ဖမ်းဆီးရာမှ သေဆုံးခဲ့သည်ဟု ကနဦး သိရသည်။
ဖြစ်စဉ်မှာ NUG လက်အောက်ခံဖြစ်သူ ရန်ကုန်တိုင်းစစ်ရေးတာဝန်ခံ ဒီငြိမ်းလင်း၏ ခိုင်းစေချက်အရ လက်နက်မဲ့ အမျိုးသမီးအဆိုတော် ဒေါ်လီလီနိုင်ကျော်ကို အလစ်ချောင်းကာ ပစ်ခတ်သ-တ်ဖြတ်မှုဖြင့် ဖမ်းဆီးထားသူ ကောင်းဇာနည်ဟိန်းနှင့် ကျော်သူရတို့ (၂)ဦးမှ ဇူလိုင်(၆)ရက် ည ၁၁ နာရီအချိန်တွင် မြောက်ဒဂုံမြိုနယ်၊ ၂၉ ရပ်ကွက်၊ မောင်းမကန်လမ်းအနီး၌ လက်နက်နှင့် ဖောက်ခွဲရေးပစ္စည်းများ သိုဝှက်ထားကြောင်း ထွက်ဆိုသဖြင့် လုံခြုံရေးအဖွဲ့က ၎င်းတို့ (၂)ဦးနှင့်အတူ အဆိုပါ နေရာသို့ သွားရောက်ရှာဖွေရန်ထွက်ခွာလာရာ လူသ-တ်တရားခံ ကောင်းဇာနည်ဟိန်းနှင့် ကျော်သူရတို့ (၂)ဦးသည် လမ်းခုလတ်အရောက်တွင် ထွက်ပြေး၍လုံခြုံရေး တပ်ဖွဲ့မှ ပစ်ခတ်ဖမ်းဆီးရာ ကောင်းဇာနည်ဟိန်းတွင် ဝဲဖက်ကျော ဖောက်ဝင်ဒဏ်ရာတစ်ချက်၊ ခါးနောက်ပိုင်းဖောက်ဝင် ဒဏ်ရာတစ်ချက်၊ ယာဘက်ဇက်ပိုး ဖောက်ဝင်ဒဏ်ရာတစ်ချက်တို့ ရရှိခဲ့ပြီး ကျော်သူရ၌ ဝဲဘက်ဇက်ပိုးနှင့် နောက်ကျောတို့တွင် ကျည်ဖောက်ဝင် ဒဏ်ရာတစ်ချက်စီနှင့် ဆီးခုံတို့၌ ကျည်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးခဲ့သည်ဟု ကနဦးသိရသည်။
အဆိုတော်လီလီနိုင်ကျော်အား လုပ်ကြံရန် ဒီငြိမ်းလင်းနှင့် ဟေဇယ်တို့က ကောင်းဇာနည်ဟိန်းနှင့် ကျော်သူရတို့ နှစ်ဦးကို မေလ ၂၅ ရက်တွင် ဓာတ်ပုံနှင့် အချက်အလက်များပေးပို့ခဲ့ရာ တရားခံနှစ်ဦးအနက် ကောင်းဇာနည်ဟိန်းက အဆိုတော်လီလီနိုင်ကျော်ကို မေလ ၃၀ ရက် ည ၇ နာရီခန့်တွင် ပစ်ခတ်ခဲ့သည်။ ထိုကြောင့် အဆိုတော်လီလီနိုင်ကျော်မှာ တပ်မတော်ကုတင် ၁၀၀၀ ဆေးရုံကြီးတွင် ကုသမှုခံယူခဲ့ရပြီး ပစ်ခတ်သူ ကောင်းဇာနည်ဟိန်းနှင့် ကျော်သူရတို့ကို ဇွန်လ ၄ ရက်တွင် ဖမ်းမိပြီးနောက် ဇွန်လ ၆ ရက် နံနက် ၆ နာရီကျော်တွင် အဆိုတော်လီလီနိုင်ကျော် ကွယ်လွန်ခဲ့ရာ ဇွန်လ ၈ ရက်တွင် မီးသင်္ဂြိုလ်ခဲ့သည်။
အဆိုတော်လီလီနိုင်ကျော်ကို လုပ်ကြံသူ ကောင်းဇာနည်ဟိန်းက အဆိုပါလုပ်ကြံမှုကို ဒီငြိမ်းလင်း၊ ဟေဇယ်၊ ယသော်၊ နွေနွေတိုက ခိုင်းစေကြောင်း၊ ဒီငြိမ်းလင်းနှင့် ဟေဇယ်တို့က အဆိုတော်လီလီနိုင်ကျော်၏ ဓာတ်ပုံ၊ နေအိမ်နှင့် သွားလာတတ်သည့် အချက်အလက်များပို့ပေးကာ လုပ်ကြံသ-တ်ဖြတ်နိုင်၍ သုံးသိန်းပေးကြောင်း၊ STF (Special Task Force) အဖွဲ့ဝင် ၂၆ ဦးကို ဒီငြိမ်းလင်းက ရန်ကုန်တွင် တိုက်ခိုက်မှုများပြုလုပ်ရန် စေလွှတ်ထားကြောင်း စသည်ဖြင့် အသေးစိတ်ဖော်ထုတ်ခဲ့သည်။
ကောင်းဇာနည်ဟိန်းက ထိုသို့ဝန်ခံဖော်ထုတ်ကြောင်း SAC ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည့် ဇွန် ၆ ရက်တွင်ပင် ထန်းတပင်မြိုနယ် ရခိုင်ရိုးကြီးကျေးရွာနေ ကောင်းဇာနည်ဟိန်း၏ မိခင် ဒေါ်သဲမာလာဝင်းနှင့် အမဝမ်းကွဲ မဆောင်းသဇင်ဦးတို့ နှုတ်ပိတ်သ-တ်ဖြတ်ခံခဲ့ရပြီး အရွယ်မရောက်သေးသော ကောင်းဇာနည်ဟိန်း၏ ညီငယ်နှင့် ညီမငယ်ကိုမူ လုံခြုံရေးတာဝန်ရှိသူများက လုပ်ကြံမခံရရန်စောင့်ရှောက်ပေးထားသည်ဟု သတင်းများတွင် ဖော်ပြခဲ့ကြသည်။