MT News
Written by Nay Moe
စစ်ကိုင်းတိုင်းဒေသကြီး အရာတော်မြို့နယ် ငွေတွင်းကျေးရွာမှ စစ်ရှောင်သူများနှင့် သာမန်ပြည်သူ ၁၄ ဦးအပါအဝင် ကိုရင် ၁ ပါးအား ပျုစောထီးဟု စွပ်စွဲကာ PDF များက အစုလိုက်အပြုံလိုက် ဝင်ရောက်သ-တ်ဖြတ်မှု ယမန်နေ့နံနက် အစောပိုင်းက ဖြစ်ပွားခဲ့သည်ဟု ဒေသခံများထံမှ ကနဦးသတင်းများအရ သိရသည်။
အရာတော်မြို့နယ် ငွေတွင်းရွာသည် PDF များက ပျုရွာဟု သတ်မှတ်ထားသောရွာဖြစ်ပြီး ပြီးခဲ့သည့်ဧပြီကလည်း မြောင် CDSOM PDF အဖွဲ့က သင်္ကြန်မဏ္ဍပ်ကို မိုင်းခွဲ၍ လခရအချို့ထိခိုက်သေဆုံးခဲ့သလို ပြီးခဲ့သော ဇွန် ၂၀ ရက်ကလည်း ကျောက်ဆည်ခရိုင် တပ်ရင်း(၁) ဦးဆောင်သော PDF ပူးပေါင်းတပ်ဖွဲ့က လခရများနှင့် ပြည်သူ့စစ်များအစည်းအဝေးပြုလုပ်နေချိန် ဝင်ရောက်တိုက်ခိုက်ရာ လခရ ၁၇ ဦးခန့်သေဆုံးခဲ့သည်ဟုလည်း ထို PDF များက ထုတ်ပြန်ခဲ့ဖူးသည်။ ထိုတိုက်ခိုက်မှုကို ကျောက်ဆည်ခရိုင်တပ်ရင်း-၁ (နဂါးနီတပ်ရင်း)၊ ကျောက်ဆည်ခရိုင်ဒရုန်းတပ်ဖွဲ့၊ မြင်းခြံခရိုင်တပ်ရင်း – ၇ (Zero ပြောက်ကျား)၊ ရွှေဘိုခရိုင်တပ်ရင်း – ၁၅ နှင့် ဆားတောင်မိုးကြိုး(Local PDF)၊ MRTF၊ Danger Force(Local PDF)၊ NDRF၊ အောင်သပြေညီနောင်(မြင်းမူ Local PDF) တို့က တိုက်ခိုက်ခဲ့သည်ဟုလည်း ထုတ်ပြန်ဖူးသည်။
ထို PDF ပူးပေါင်းအဖွဲ့များက ဧပြီ ၄ ရက်ည ( ဧပြီ ၅ ရက် နံနက် ၂ နာရီခန့်) အရုဏ်မတက်မီအချိန်တွင် ငွေတွင်းကျေးရွာသို့ ဝင်လာခဲ့ပြီး ငွေတွင်းရွာအတွင်းမှ ပျုစောထီးဟု ယင်းတို့အဖွဲ့များ သတ်မှတ်ထားသူ လေးဦးနှင့် ငွေတွင်းရွာဘုန်းကြီး ကျောင်းမှ အသက် ၁၂ ခန့်အရွယ်မှ အသက် ၅၀ အကြားရှိ စစ်ရှောင်သာမန်ပြည်သူ ၁၀ ဦးအပြင် ကိုရင်တစ်ပါးကို ဦးခေါင်းများအား သေနတ်ဖြင့်ပစ်ကာ အစုလိုက်အပြုံလိုက်သ-တ်ဖြတ်ခဲ့သည်ဟု ဒေသခံတစ်ဦးက ဆိုသည်။
ထိုဖြစ်စဥ်တွင် ဦးလေးအရင်းနှင့် ညီအရင်း သ-တ်ဖြတ်ခံရပြီး PDF သ-တ်ဖြတ်မှုကြောင့် သေဆုံးရရှာသည့် အသက် ၁၅ နှစ်ခန့်ကလေးငယ်တစ်ဦး၏ အကိုဖြစ်သူကလည်း ငွေတွင်းရွာမှ သာမန်ကလေးငယ်များကို PDF များက ဝင်ရောက်သ-တ်ဖြတ်သွားကြောင်း ရေးသားထားကာ “ပျူတွေရှိတယ်ဆိုပြီး သတင်းပေးမှုကြောင့် ရွာက ဘုန်းကြီးကျောင်းထဲမှာ ကြောက်လို့လာအိပ်ကြတဲ့ ယောက်ျားလေးရော မိန်းကလေးရော အကုန်လုံးကိုကြိုးတုပ်ပြီး ယောက်ျားအားလုံးကို သေနတ်နဲ့ ပစ်သ-တ်သွားကြတာ။ ဘယ်လောက်တောင် ကြောက်နေကြရှာမလဲကွာ။ အားလုံး ၁၁ ယောက် အသ-တ်ခံလိုက်ရတယ်( ပို့စ်တစ်ခုတွင် Edited – ၁၅ ယောက်ပါဟု အသိပေးထား) ဦးလေးအရင်းနဲ့ ညီအရင်း ၂ယောက်စလုံး ပါသွားတယ်။ တော်ကြပါတော့ကွာ။ ကြားထဲက အပြစ်မရှိတဲ့သူတွေ အသ-တ်ခံရတာ များပြီ။ ဘယ်တော့များမှ ပြီးမှာလဲကွာ”ဟု ရေးသားထား သည်။
MT News သတင်းဌာနအနေဖြင့် အဆိုပါဖြစ်စဥ်ကိုဆက်လက်စုံစမ်းနေပြီး အသေးစိတ်သိရှိရသည်များ ထပ်မံဖော်ပြပေးသွားမည်ဖြစ်သည်။
“ဇွန်လဆန်းနဲ့ ဒီလပိုင်းထဲမှာ PDF ရွာတွေအကုန်လုံးကို လခရက မနက်ပိုင်းတွေလိုက်စီးနင်းတာ PDF ၅၀ ကျော် သေသွားတယ်။ အဲဒီတော့ သူတို့ပျုရွာလို့သတ်မှတ်ထားတဲ့ရွာတွေကို လက်စားချေတဲ့သဘောပဲ။ ငွေတွင်းရွာက အရင်ကလည်း သူတို့ခဏခဏလာတိုက်နေတာ။ ဒီတစ်ခါတော့ ရွာသူရွာသားတွေ ပစ်မှတ်ထားတိုက်ခိုက်တဲ့သဘောပေါ့”ဟု လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။