၅. ၇. ၂၀၂၃
Written by Min Mahar
ခန္တီးမြို့နယ်၊ ဆင်သေကျေးရွာတွင် ယမန်နေ့ညပိုင်းက လက်နက်အရောင်းအဝယ်လုပ်နေသော အမျိုးသမီးနှစ်ဦးအား လက်နက်၊ ခဲယမ်းအချို့နှင့်အတူ ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (ဇူလိုင်လ ၄ ရက်နေ့)ည ၈ နာရီခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ ဆင်သေကျေးရွာတွင် လက်နက်အရောင်းအဝယ်လုပ်နေသည့်သူများရှိနေကြောင်း ဒေသခံများ၏သတင်းပေးမှုအရ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ရှာ ဖွေစစ်ဆေးမှုများပြုလုပ်ခဲ့ရာ ဆင်သေ-လက်ဖက်ခင်းကျေးရွာသွားလမ်းမပေါ်၌ ဆင်သေကျေးရွာတွင်နေထိုင်သည့် အမျိုး သမီးနှစ်ဦးသည် ၎င်းတို့၏ဘေးလွယ်အိတ်အတွင်းမှ ပွိင့်-၂၂ ပစ္စတိုသေနတ် ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည်ဆံ ၂ တောင့်တို့ကို သိမ်းဆည်းရရှိခဲ့သဖြင့် ဥပဒေနှင့်အညီ အရေးယူနိုင်ရေးဆောင်ရွက်ထားကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။